ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၄ }
ဒယ်ဒီ့ရက်လည်နာရေးကိစ္စတွေ အားလုံးပြီး
သွားတော့ အပန်းဖြေခရီးခဏထွက်ခဲ့သည်။
ဒီတစ်လျှောက်လုံး၌ သူရောက်မလာခဲ့တော့
ပေ။ သူမခရီးထွက်ရင်း တစ်လလောက်ကြာ
သွားခဲ့သည်။ ပြန်ရောက်တော့မှပင် မိသားစု
ရှေ့နေကို ခေါ်ကာ ဒယ်ဒီချန်ရစ်ထားခဲ့သည့် သေတမ်းစာကိုဖွင့်ဖတ်ခဲ့သည်။" သေတမ်းစာအရ ... ဦးဘုန်းခန့်ရဲ့ပိုင်ဆိုင်မှူ
ငါးဆယ်ရာခိုင်နှုန်းက ဒေဝါလီခံထားရတယ်
ကျန်တဲ့ငါးဆယ်ရာခိုင်နှုန်းက ခမ်း နဲ့သူ့သမီး
မပန်သွန်းခ ကိုနှစ်ဆယ့်ငါးရာခိုင်နှုန်းဆီထား
ပေးခဲ့တယ် ... အဲ့ဒီနှစ်ဆယ့်ငါးရာခိုင်နှုန်းကို
လည်း သမီးပန်သွန်းခနဲ့ ခမ်း လက်ထပ်ပြီးမှ
ပေးဖို့မှာထားခဲ့တယ် "" ရှင် ... မဖြစ်နိုင်ဘူး "
" အန်ကယ်က ဦးဘုန်းခန့်ရဲ့သေတမ်းစာကို
ပဲဖတ်ပြတာပါ သမီးကိုယ်တိုင်ပဲကြည့်လိုက်
ပါ "" မဖြစ်နိုင်ဘူး ... ဒယ်ဒီက ဘာလို့ဒီလိုစီစဥ်
ထားတာလဲ သူ့ကိုဘာလို့ပေးရမှာလဲ "" ဦးဘုန်းခန့် ကသူ့ကျန်းမာရေး အခြေအနေ
ကို သူသိပြီးသား သူကသူမရှိတော့တဲ့အချိန်
သမီးတစ်ယောက်တည်းရပ်တည်ရရင် သမီး
အနားမှာသမီးရဲ့ပိုင်ဆိုင်မှူတွေကိုမြင်ပြီးကပ်
နေတဲ့ယောကျ်ားတွေနဲ့သူစိတ်မချဘူးကုမ္ပဏီ
ကလည်းဒေဝါလီခံထားရတော့အားလုံးသမီး
တစ်ယောက်တည်းစီမံနိုင်မဟုတ်ဘူး "" ဟင့်အင်း "
" ဒါကြောင့်သူ့ရဲ့ဆန္ဒကသူမဆုံးခင်ကတည်း
ကသူကသမီးကို ခမ်း နဲ့အိမ်ထောင်ချပေးစေ
ချင်ခဲ့တာအဲ့ဒါကြောင့်ဒီလိုကိစ္စတွေဖြစ်မလာ
ခင်ကတည်းကသူသေတမ်းစာရေးခဲ့တာ "" မဖြစ်နိုင်ဘူး ... ဒါလုံးဝမဖြစ်နိုင်ဘူး "
သူမရှေ့နေလက်ထဲမှသေတမ်းစာစာရွက်ကို
ယူပြီး ပြန်ဖတ်လိုက်မိသည်။ ထို့နောက် သူမ
လက်ထဲမှစာရွက်ကိုပြန်ပေးလိုက်မိပါသည်။
သူမသူ့ကိုလိုက်ရှာခဲ့ပေမယ့်အဆက်အသွယ်
မရချေ။ တစ်လလုံးလုံးပင် သူပျောက်သွားခဲ့
ပါသည်။ သူမ ဒေဝါလီခံလိုက်ရသည့် ဒယ်ဒီ့
ပိုင်ဆိုင်ခွင့်တွေကို ပြန်ဆယ်ဖို့သာ ကြိုးစားမိ
ပေမယ့်သူမတစ်ဦးတည်းမို့လမ်းစရှာမရခဲ့၍
တစ်ဖက်ကို လွှဲပြောင်းမည့်ကိစ္စတွေ အတွက်
သူမကုမ္ပဏီကိုလာခဲ့လိုက်လေသည်။
VOCÊ ESTÁ LENDO
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romanceလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...