Part 12 Uni/Zawgyi

632 16 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၁၂ }

သူမကိုတွဲ၍သူကားတံခါးကိုဖွင့်နေရာချပေး
ပြီးတော့မှ မောင်းသူဘက်မှာဝင်ထိုင်လိုက်ပါ
သည်။ စံအိမ်သို့ပြန်ရောက်လာတော့ သူမက
မူးပြီးအိပ်ပျော်နေချေပြီ။ သူမကိုပွေ့ချီ၍ သူ
အခန်းထဲဝင်ခဲ့ပြီး ခုတင်ပေါ်ချပေးလိုက်လေ
သည်။ ထို့နောက် သူမဖိနပ်ကို ချွတ်ပေးကာ
သိမ်းလိုက်ရင်းသူသက်ပြင်းချလိုက်မိသည်။
နေ့လည်ဘက် ကုမ္ပဏီကိုသွားရဦးမှာမို့ ဝိုင်နံ့
တွေ စွဲမနေအောင် သူရေတစ်ခေါက်ထပ်ချိုး
လိုက်သည်။ ဘယ်သူက မနက်ခင်းကြီး အဲ့ဒီ
လောက်မူးအောင်သောက်မှာတဲ့လဲ။ ကြီးရွှေ
ကိုသူမနိုးလာရင် သံပရာရည်ဖျော်ပေးလိုက်
ဖို့မှာခဲ့ပြီး ကုမ္ပဏီကို ထွက်လာခဲ့လိုက်သည်။

" သမီးပန်လေး နိုးလာပြီလား "

" ဟုတ် ...ဟုတ်ကဲ့ ကြီးရွှေ "

" သမီးပန်လေး ... ခမ်း ကုမ္ပဏီကိုပြန်သွား
တယ်ကွဲ့ "

" သမီး မမေးမိပါဘူး ကြီးရွှေ ... သူ့ဘာသာ
ဘယ်သွားသွားပါ သမီးမသိချင်မဟုတ်ဘူး "

သူမနိုးလာတော့သူ့ကိုမတွေ့၍ အောက်ထပ်
ဆင်းခဲ့လိုက်မိသည်။ ကြီးရွှေ ကသံပရာရည်
ယူလာပေးရင်းသူမသူ့ကိုဝေ့ဝဲရှာမိ၍ ကြီးရွှေ
ကပြုံးရင်းဆိုလာတာမို့ သူမ မသိချင်ယောင်
ဆောင်လိုက်မိလေသည်။ သူမအပေါ်ကိုပြန်
တက်ခဲ့ရင်း လန်းဆန်းသွားအောင်လို့ ရေချိုး
လိုက်မိသည်။ ပြီးတော့ ကြီးရွှေ ပြင်လာပေး
သည့် ကြာဇံကြော်ကို တီဗီထိုင်ကြည့်နေရင်း
စားလိုက်မိသည်။ ညနေကျတော့ သူပြန်လာ
၍ သူမစကားမပြောချင်သောကြောင့် ရှောင်
ဖယ်လာခဲ့လိုက်သည်။ ခမ်း သူအိမ်ထဲကိုဝင်
လာတာတွေ့ရက်နှင့် မမြင်ချင်ယောင်ဆောင်
ပြီးသူမထထွက်သွားသောကြောင့် သူအပေါ်
ကိုလိုက်တက်ခဲ့သည်။ သူမကဆိုဖာပေါ်တွင်
ထိုင်နေရင်း ကွန်ပျူတာကိုသာ အာရုံစိုက်နေ
သည်။ ဘတ်အိတ်ကိုချပြီး သူမရဲ့ဘေးသို့သူ
ကပ်ထိုင်လိုက်မိသည်။

" ဒေါ်ပန်သွန်းခ "

" ............... "

" ဒေါ်ပန်သွန်းခ ... ကျုပ်ကလူဗျ ဒီမှာစကား
ပြောနေတာကိုနည်းနည်းပါးပါးတုံ့ပြန်မှုလေး
ဘာလေးပေးဦး "

ကျွန်မမုန်းတဲ့သူ့ကို (Complate)Where stories live. Discover now