ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၁၀ }
" ဟယ်လို "
" ဒါ ... ဒါက မပန်သွန်းခ ရဲ့ဖုန်းမဟုတ်ဘူး
လားခင်ဗျ "" ဟုတ်ပါတယ် ဘယ်သူလဲ ... ဘာကိစ္စရှိလို့
လဲဗျ "" ကျွန်တော် မပန်သွန်းခ နဲ့စကားခဏပြော
ပါရစေ "" သူမအားဘူးဗျ "
သူမကဖုန်းကို လိုက်လုနေသောကြောင့် သူ
တမင် ယူဖြေလိုက်သည်။ ယောကျ်ားတစ်ဦး
၏ အသံမို့ ဖုန်းကိုချပစ်လိုက်သည်။ သူမက
ဖုန်းကိုဆွဲယူလိုက်သည်။ သူမရဲ့အနားသို့သူ
တစ်လှမ်းတိုးလိုက်မိပြီးဆိုလိုက်သည်။" အဲ့ဒါဘယ်သူလဲ "
" သူဘယ်သူပဲဖြစ်ဖြစ် ... ငါဘာလို့ပြောရမှာ
လဲ "" ကျုပ်ကခင်ဗျားလင်ဗျ "
" အဲ့ဒီတော့ ငါကဘာလုပ်ရမှာလဲ "
" ဒေါ်ပန်သွန်းခ "
" ငါ့ဟာငါဘယ်သူနဲ့ဘာပြောပြော ဘယ်သူ
နဲ့ပတ်သက်ပတ်သက် ... မင်းသိစရာမလိုဘူး
မင်းကိုမပြောနိုင်ဘူး "" ခင်ဗျားပြောရမယ် ... ခင်ဗျားဘာလုပ်လုပ်
ကျုပ်နဲ့သက်ဆိုင်တယ် ကျုပ်ကခင်ဗျားလင်
အရင်လို သူစိမ်းယောကျ်ားတွေနဲ့ ပတ်သက်
တာကို ခင်ဗျားရှောင်ပါ "" မင်းမကြိုက်တာတော့ငါကပိုလုပ်ချင်သွား
ပြီး ဟင်း "" ခင်ဗျားဖောက်ပြန်ဖို့မကြိုးစားနဲ့ "
" မင်းထင်လား ငါဆိုတဲ့မိန်းမကယောကျာ်း
တွေအတွက်ငါ့အချိန်တွေကိုကုန်ခံလိုက်မယ်
လို့ ... မင်းသာမင်းဇယားတွေကို ငါ့အိမ်ခေါ်
လာတာဆင်ခြင်ပါ "" ဘာလဲ ခင်ဗျားထက်သာသွားမှာ စိုးရိမ်နေ
လို့လား ... ဒါဆိုရင်တော့ ခင်ဗျားဇနီးမယား
တစ်ယောက် တာဝန်ကျေသင့်တယ် ခင်ဗျား
သာကျုပ်ကိုဂရုစိုက်မယ်ဆိုရင်ကျုပ်စဥ်းစား
ပေးမှာပေါ့ "" ဘာ ... မင်း "
သူပြောပြီးတော့ သူမရှေ့ကနေ ထွက်လာခဲ့
သည်။ သူမကျွတ်သက်လိုက်ရင်းစိတ်ကိုပြန်
လျှော့ချလိုက်ရမိသည်။ ညနေသူမရုံးကပြန်
လာတော့ သူပြန်၍ မရောက်သေးချေ။ သူမ
ညနေစာစားပြီး အပေါ်ထပ်သို့တက်ခဲ့သည်။
ခဏနေတော့ကားသံကြားရပြီးသူ့အခန်းထဲ
ဝင်လာသည်။ သူ့ဆီကအရက်နံ့ရ၍သူမစိတ်
ပျက်စွာ ထရပ်ပြီး ထွက်သွားရန် လုပ်တော့
သူက လက်ကိုလှမ်းဆွဲလျက် သူမအနောက်
မှသိုင်းဖက်ထားသည်။ သူမသူ့လက်တွေကို
ဖြည်ချမလို့လုပ်ပေမယ့်သူခေါ်လိုက်သည်မို့
သူမလက်တွေတုံ့ဆိုင်းသွားရသည်။
ŞİMDİ OKUDUĞUN
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romantizmလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...