Part 16 Uni/Zawgyi

486 10 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၁၆ }

ပန်သွန်းခ ကုမ္ပဏီထဲဝင်လာရင်းအနောက်မှ
ဝင်လာသည့် ကားတစ်စီးကြောင့် သူမ လှည့်
၍ ကြည့်လိုက်မိပါသည်။ ထိုကားပေါ်မှဆင်း
လာသောမိန်းကလေးက ကုမ္ပဏီထဲဝင်လာခဲ့
ပြီးသူမကိုလှည့်ကြည့်ကာ မထီမဲ့မြင်ပြုံးရင်း
သူ့ရဲ့ရုံးခန်းထဲသို့ဦးတည်ဝင်သွားလေသည်။
သူမရုံးခန်းတံခါးနှင့် သူရုံးခန်းတံခါးသိပ်မနီး
မဝေးလှသည်မို့ သူမရဲ့ရုံးခန်းအရှေ့တွင်သာ
ရပ်၍ကြည့်လိုက်မိသည်။ ထိုမိန်းကလေးဝင်
သွားပြီးတော့ သူနှင့်အတူ ပြန်ထွက်လာလေ
သည်။ သူကသူမကိုမမှုသလိုမဲ့ပြုံး ပြုံးပြပြီး
ထိုမိန်းကလေးနှင့် ရယ်မောစွာပင် ထွက်သွား
လေသည်။ ဒါသူမကိုတမင်တကာအရွဲ့တိုက်
သွားပါ။ သူမရုံးခန်းထဲဝင်လာခဲ့လိုက်သည်။
ညနေရုံးဆင်းသည့်ချိန်ထိသူပြန်မလာခဲ့ချေ။
မိုးချုပ်မှ သူပြန်ရောက်လာသည်။ သူမတီဗီ
ထိုင်ကြည့်နေရင်းမှ သူ့ကို မမြင်ချင်၍ ထပြီး
လှည့်ထွက်လိုက်သည်။

" အဲ့ဒါဘယ်သွားမလို့လဲ "

" ငါမင်းနဲ့စကားမပြောချင်ဘူး "

" ဘာလို့လဲ ... ကျုပ်က အဲ့ဒီလောက်တောင်
ခင်ဗျားအတွက်အမှိုက်ဖြစ်နေလား "

" မူးလာရင် အေးဆေးသွားအိပ်လိုက် "

" ကျုပ်မမူးဘူး "

" ............... "

" ​ပြောပါ ဒေါ်ပန်သွန်းခ "

" ငါ့ကိုလာပြီးရစ်မနေနဲ့ ... ငါမင်းနဲ့ပြောစရာ
စကားမရှိဘူး "

" ပြောပါ ကျုပ်သိချင်တယ် ကျုပ်ကခင်ဗျား
အတွက် အဲ့ဒီလောက်အမှိုက်တစ်ခုလိုဖြစ်နေ
တာလား ... ဟိုကောင်ကြောင့်လား ပြောပါ "

" ဘာတွေလာပြောနေတာလဲ "

" ခင်ဗျားမသိချင်ယောင်မဆောင်နဲ့ "

" မင်းဘာတွေလာပြောနေတာလဲ ငါတကယ်
နားမလည်တာ မင်းဘာသာသွားချင်ရာသွား
လုပ်ချင်ရာလုပ်ခဲ့ပြီးတော့ ငါ့ကိုပြဿနာလာ
မရှာနဲ့ "

" ပြဿနာဟုတ်လား ကျုပ်ကပဲ ပြဿနာရှာ
နေတာလား မနက်တုန်းကဟို မိုးစက်ချိန်း ဆို
တဲ့ကောင်နဲ့ အတူရှိနေတာ ကျုပ်မျက်စိနဲ့မြင်
ခဲ့တာ ... အဲ့ကောင်ကြောင့်လား "

ကျွန်မမုန်းတဲ့သူ့ကို (Complate)Donde viven las historias. Descúbrelo ahora