Part 19 Uni/Zawgyi

412 12 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၁၉ }

ထိုအချိန်မှစ၍သူပြောင်းလဲလာသည်။ သူမ
အပေါ်မှာလည်း ပိုပြီး ဂရုစိုက်လာပေးသည်။
ကိုယ်ဝန်တဖြည်းဖြည်းလရင့်လာတော့ သူမ
ကို ကုမ္ပဏီမသွားခိုင်းတော့ဘဲ သူပဲ အားလုံး
စနစ်တကျဦးစီးလုပ်ကိုင်သည်။ သူမ ဒန်းမှာ
ထိုင်နေမိရင်းသူကုမ္ပဏီကနေ ပြန်လာသည်။
သူမသူ့ကိုမြင်လျက်နှင့် မမြင်ချင်ယောင်သာ
ဆောင်လိုက်မိသည်။ သူကသူမဘေးမှာလာ
ထိုင်ကာ သူမရဲ့ပါးကိုနမ်းပြီး ပူနေသည့်သူမ
ဗိုက်လေးကိုကိုင်၍အနားကပ်ဆိုလေသည်။

" မ ဒီနေ့ဘယ်လိုလဲ ... နေကောင်းရဲ့လား "

" ကောင်းပါတယ် "

" ကလေးလေး ဖေဖေပြန်လာပြီနော် ... သိပ်
မကြာခင် မင်းဖေဖေတို့နဲ့တွေ့ရတော့မယ် "

" မောင် လွတ်လွတ်နေစမ်းပါ "

" ကျွန်တော့်ကလေးလေးနဲ့ခဏစကားပြော
ပါရစေ "

" ကျွန်တော့်ကလေး "

" ကျွန်တော်တို့ကလေးလေး "

သူမမျက်နှာလေးမဲ့ရင်း ဆိုလိုက်တော့သူက
စကားကိုပြင်ပြောလိုက်သည်။ ထိုအခါ သူမ
ပြုံးလိုက်ပြီးခပ်မဲ့မဲ့ရယ်လိုက်မိသည်။ သူက
သူမဗိုက်ကိုကိုင်ထားရာမှ ဘေးကအိတ်တွေ
ကိုယူလိုက်သည်။

" ဒီမှာ ကလေးကစားစရာတွေနဲ့ မ အတွက်
ဗိုက်ဖုံးအင်္ကျီတွေဝယ်လာတယ် "

" ဘာလို့ထပ်ဝယ်လာတာလဲ မောင် အများ
ကြီးဖြစ်နေပြီ ... အင်္ကျီတွေလည်းရှိတာတွေ
ဝတ်လို့ရနေတာပဲကိုး "

" မ ကျွန်တော်စိတ်လှုပ်ရှားနေတယ်သိလား
ကျွန်တော်တို့ကလေးလေးနောက်တစ်လနှစ်
လနေရင် လူ့လောကထဲကိုရောက်လာတော့
မယ် "

" အင်း "

သူမသိုးမွှေးထိုးနေရာမှတိတ်ဆိတ်သွားပြန်
သည်။ ဖုန်းမြည်နေသံကြောင့်သူဘောင်းဘီ
အိတ်ကပ်ထဲမှထုတ်ကိုင်လိုက်တော့သူမဖုန်း
နံပါတ်ကို အကြည့်ရောက်သွားကာ မျက်နှာ
ပျက်သွားရင်း မသိချင်ယောင်ဆောင်သွားခဲ့
ပြီး တစ်ဖက်လွှဲသွားလေသည်။

ကျွန်မမုန်းတဲ့သူ့ကို (Complate)Hikayelerin yaşadığı yer. Şimdi keşfedin