Part 38 Uni/Zawgyi

564 11 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၃၈ }

ကျွန်မသူ့ကိုခြံဝန်းထဲသို့ပေးမဝင်ဘဲအမြင်မှာ
သာရပ်နေမိရင်း ဘာမှမပြောကာသူ့ရှေ့ကနေ
လှည့်ထွက်ဖို့ကြိုးစားမိသည်။ သို့သော် သူက
ကျွန်မလက်ကိုလှမ်းဆွဲပြီးပုခုံးကို ပွေ့ဖက်ကာ
သူ့ရဲ့ရင်ခွင်ထဲဆွဲထည့်လိုက်၏။ ကျွန်မသူ့ကို
တွန်းထုတ်နေသော်လည်းသူကလွှတ်မပေးဘဲ
ဖက်ထားသည်။

" မ ... မောင် တောင်းပန်ပါတယ် "

" လွှတ် ... လွှတ်စမ်း "

" မောင်မှားသွားခဲ့ပြီ မောင့်ကြောင့် မ နာကျင်
ခဲ့ရတာ ... မောင်တောင်းပန်ပါတယ် မောင့်ကို
သားလေးနဲ့တွေ့ခွင့်ပြုပါကွာ "

" သား ဟုတ်လား "

ကျွန်မမောင့်ရင်ဘက်ကိုအားနှင့်တွန်းထုတ်မိ
လေသည်။ မောင်ကကျွန်မလက်ကို ဆုပ်ကိုင်
ထားတုန်းပါလေ။ မောင်ပြောတော့ ကျွန်မကို
အတ္တကြီးသည်တဲ့။ တကယ်တမ်းတော့မောင်
က အတ္တသိပ်ကြီးတာပဲ။ တကယ်တော့မောင်
ကအရင်ကလည်းသမီးလေးကြောင့်ကျွန်မကို
အလျှော့ပေးခဲ့သလိုယခုလည်းပဲသားကြောင့်
ကျွန်မဆီပြန်လာချင်ရပြန်သည်။

" အခုမှဘာလို့လာပြီး သားတော်ချင်နေရတာ
လဲ ပြောစမ်းပါ ... ငါ့ဆီကနေသားကိုဆွဲထုတ်
သွားချင်လို့လား မောင် ငါလိုအပ်နေတဲ့အချိန်
တုန်းကမင်းကိုယ်တိုင်ထားသွားခဲ့တာမလား "

" မ မောင်တောင်းပန်ပါတယ်ကွာ မောင်မသိ
ခဲ့ဘူး ... မ ဒီလောက် နာကျင်ခဲ့ရမယ်ဆိုတာ
မောင်တကယ်မသိခဲ့ဘူး သားလေးရှိကြောင်း
မောင့်ကိုဘာလို့မပြောပြခဲ့ရတာလဲကွာ "

" အဟင်း ပြောပြရမယ်ဟုတ်လား ... တခြား
မိန်းမတစ်ယောက်ကိုတမ်းတမ်းစွဲဖြစ်နေခဲ့တဲ့
ယောကျ်ားကို သားရဲ့ဖခင်အဖြစ်လက်ခံပေး
ရမှာလား "

" မောင်တောင်းပန်ပါတယ်ကွာ မောင့်ကိုသား
နဲ့တွေ့ခွင့်ပေးပါနော် "

ကျွီ ...............

" ဒါကဘယ်လိုဖြစ်နေကြတာလဲ "

" အိန်ဂျယ် "

ကျွန်မအနောက်ဆုတ်လိုက်မိရင်းက ရပ်သွား
သည့်ကားဘက်နှစ်ဦးသားလှည့်ကြည့်လိုက်မိ
သည်။ ထို့နောက် ကားဘေးတွင် ရပ်နေသည့်
ထိုမိန်းမက ကျွန်မတို့အနား လျှောက်လာလေ
သည်။ သူက ကျွန်မရှေ့က ပိတ်ရပ်လိုက်ရင်း
ထိုမိန်းမလက်ကိုလှမ်းဆွဲလိုက်သည်။

ကျွန်မမုန်းတဲ့သူ့ကို (Complate)Hikayelerin yaşadığı yer. Şimdi keşfedin