Part 25 Uni/Zawgyi

359 8 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၂၅ }

ခမ်း ကော်ဖီခွက်ကိုကိုင်ပြီး အခန်းထဲဝင်လာ
ခဲ့သည်။ သူမက ဝရံတာမှာရပ်နေရင်း အပြင်
ကို ငေးနေသည်။ ဆောင်းရာသီရောက်လာ၍
ဆောင်းအအေးဓာတ်နှင့်လမ်းမတစ်လျှောက်
တိတ်ဆိတ်သည့်လူချမ်းသာရပ်ကွက်မို့ လူလူ
သူသူ အသွားအလာ နည်းသည်။ ဝေဆိုင်းနေ
သော မြူခိုးတွေကိုသူမငေးနေရင်း သူဝင်လာ
သည်ကိုပင် သူမ သတိမထားမိလေ။ ကော်ဖီ
ခွက်ကို စားပွဲပေါ်တင်၍ ခြုံထည်ပဝါပါးလေး
ကိုသူမပုခုံးထက်၌သူခြုံပေးလိုက်သည်။

" မ ဒီတစ်ပါတ်ပိတ်ရက်ကျရင်ကစားကွင်း
သွားရအောင် သမီးကမိသားစုအတူလျှောက်
လည်ချင်နေတယ် "

" ငါမအားဘူး မောင် ... ဒီတစ်ပါတ်ပိတ်ရက်
ကျရင်တခြားမိတ်ဆွေတွေနဲ့အတူပါတီပွဲသွား
ဖို့ချိန်းထားတယ် "

" အဲ့ဒီပါတီသွားဖို့ချိန်းထားတာဖျက်လိုက်လို့
မရဘူးလား မ ... အဲ့ဒီပါတီပွဲကသမီးထက်ပိုအရေးကြီးနေလို့လား "

" ငါ့အတွက်ကတော့အရေးကြီးတယ် မောင်
ငါဆုံးဖြတ်ပြီးပြီ "

" မ "

ကျစ် .........

သူမပြောပြီးရပ်နေရာမှထွက်သွားသည်။ သူ
ကျွတ်သက်မိရင်းပင် ခါးထောက်ပြီး ရပ်ကျန်
ခဲ့ရသည်။ နောက်တစ်ပါတ်ပိတ်ရက်ကျတော့
သူမတကယ်ပဲမနက်စောစောမိတ်ဆွေတွေနှင့် ရှောင်ဖယ်၍အရင်ဆုံး စံအိမ်ကနေထွက်သွား
လေသည်။ သူပဲသမီးကိုကစားကွင်းလိုက်ပို့ရ
သည်။ သမီးက ကစားကွင်းထဲ ဘောလုံးရှိရာ
မှာ လျှောက်ပတ်ပြေးဆော့နေ၍ သူအပြင်က
ရပ်ကြည့်နေမိသည်။

အိန်ဂျယ် ရှော့ပင်ထွက်ပြီးအထည်စင်တာထဲ
ကထွက်လာခဲ့ရင်းကလေးကစားကွင်းရှိသော
ဘက်၌ကိုကို့ကိုတွေ့လိုက်၍ကိုကို့ဆီလျှောက်
လာခဲ့သည်။ ကစားကွင်းထဲမှာ ကိုကို့သမီးက
ကလေးပီပီ ကစားနေသည်။ အိန်ဂျယ် ကိုကို့
ပုခုံးကိုပုတ်လိုက်သည်။

" ကိုကို "

" အိန်ဂျယ် ဘယ်ကနေဘယ်လိုဖြစ်ပြီး "

" ဒီလိုပဲ ရှော့ပင်ထွက်လာတာ "

" တစ်ယောက်တည်းလား "

ကျွန်မမုန်းတဲ့သူ့ကို (Complate)Où les histoires vivent. Découvrez maintenant