Part 39 Uni/Zawgyi

639 7 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၃၉ }

ပန်သွန်းခ သူ့ရဲ့အရှေ့ကနေထထွက်လာခဲ့ပြီး
အခန်းမီးပိတ်လိုက်ရင်းအပေါ်ထပ်ပြန်တက်ခဲ့
ကာသားအခန်းသွား၍ သားဘေးမှာသွားအိပ်
လိုက်မိပါသည်။ မိုးလင်းတော့ မီးဖိုဆောင်ဝင်
၍စွတ်ပြုတ်လေးလုပ်ပြီး သူ့ကိုဆေးတိုက်ရန်
လာခဲ့လိုက်သည်။

" မ ကျေးဇူးတင်ပါတယ် "

" မင်းပြောချင်တာတွေနောက်မှပြော ... ဆေးသောက်လိုက်ဦး "

" မ မောင့်ကိုစိတ်ပူနေတာလား "

" မဟုတ်ဘူး "

သူမဆေးကို သူ့လက်ထဲထည့်ပေးလိုက်လျှင်
သူက မသောက်သေးဘဲ အရင်ပြောနေသည်။
သူမငြင်းဆိုလိုက်ရင်း ရေခွက်ကိုပါ ပေးလိုက်
ပါသည်။ သူ ဆေးသောက်ပြီးတော့မှ ရေခွက်
ကိုစားပွဲပေါ်ချလိုက်လေသည်။ ပြီးတော့ သူမ
ထိုင်နေရာကထရပ်လိုက်လျှင်သူကသူမလက်
ကိုလှမ်းဆွဲထားသည်။

" မ ကျွန်တော့်လိုလူကိုစိတ်ပူပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် "

" ငါအခုလိုလုပ်ပေးတာတွေက မင်းကိုစိတ်ပူ
လို့မဟုတ်ဘူး ကိုယ့်အိမ်ထိရောက်လာတဲ့သူမို့တာဝန်အရလုပ်ပေးတာ မင်းနေရာမှာ တခြား
သူဖြစ်နေရင်လည်းငါအခုလိုလုပ်ပေးမှာပဲ "

" မ ခွင့်လွှတ်အောင်မောင်ဘယ်လိုလုပ်ပေးရ
မလဲပြောပါ ဘာပဲလုပ်ပေးရပါစေ မောင်လုပ်
ပေးပါမယ် "

" ဒါကမင်းရွေးချယ်ခဲ့တဲ့လမ်းပဲလေ မောင် "

" မ မောင့်ကိုမချစ်တော့ဘူးလား ... မောင့်ကို
ချစ်နေသေးတယ်မဟုတ်လား မရယ် "

ကျွန်မကျောခိုင်းလိုက်မိတော့မောင်ကကျွန်မ
ခါးကိုမလွှတ်ပေးဘဲ အနောက်ကနေဖက်ထား
သည်။ ကျွန်မမောင့်လက်တွေကိုဖြည်ချသော်
လည်း မရချေ။ ကျွန်မမျက်ရည်တွေက အလို
လို စီးကျလာပြန်တော့ မောင်ကကျွန်မပုခုံးကို
ကိုင်ကာသူ့ဘက်လှည့်၍ မျက်နှာချင်းဆိုင်ရပ်
လိုက်သည်။

" မင်းတကယ်မပြတ်သားတာပဲ မောင် အရင်
ကလည်းမင်းမပြတ်သားသလိုအခုလည်းမင်း
မပြတ်သားဘူး "

ကျွန်မမုန်းတဲ့သူ့ကို (Complate)Donde viven las historias. Descúbrelo ahora