ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၃၅ }
ကျွန်မသားကိုကျောင်းသွားပို့ပြီးတော့အိမ်သို့
တစ်ခေါက်ပြန်လာခဲ့မိသည်။ ကားကို ပေါ်တီ
အောက်တွင်သာ ရပ်ခဲ့ပြီးအိမ်ထဲဝင်ခဲ့မိသည်။
ကြီးရွှေ ကအိမ်နောက်ဘက်မှာအလုပ်လုပ်နေ
ရင်းထွက်လာတော့ ကျွန်မလှမ်းခေါ်လိုက်၏။" သမီးပန်လေး အလုပ်မသွားဘူးလား စိတ်
ညစ်စရာရှိလို့လား ... ကြီးရွှေ ကိုပြောပြလေ
ကြီးရွှေ ဘာလုပ်ပေးရမလဲ "" မလိုပါဘူး ကြီးရွှေ ... ခဏထိုင်ပါဦး "
" အေးအေး "
" ကြီးရွှေ သမီးကိုတစ်ခုခုပြောစရာရှိနေသေး
လား "ကြီးရွှေ ကကျွန်မအရှေ့ကဆိုဖာတွင်ဝင်ထိုင်
လိုက်ပြီးလျှင် ကျွန်မပင့်သက်ရှိုက်ကာ စကား
စလိုက်မိသည်။ သူပြန်ရောက်နေတာ ကြီးရွှေ
သိမည်ဟုကျွန်မထင်သည်။ ကြီးရွှေ ကတိတ်
ဆိတ်နေသည်။" သူပြန်ရောက်နေခဲ့တာကို ကြီးရွှေ သိပြီးပြီ
မဟုတ်လား "" သမီးပန်လေး သူနဲ့တွေ့ခဲ့တယ်ထင်ပါတယ်
ကြီးရွှေ သိတယ် ... ဟိုတစ်နေ့က သား ခမ်း
ရဲ့ကားကို ကြီးရွှေ မြင်လိုက်တယ် ဒါပေမယ့်
သူအိမ်ထဲမဝင်ခဲ့ပါဘူး "" သမီးကိုဘာလို့မပြောပြခဲ့တာလဲ ကြီးရွှေ "
" သမီးကိုပန်လေး ကြီးရွှေ ထပ်ပြီးစိတ်မညစ်
စေချင်မပြောပြခဲ့တာပါကွယ် "" သူလည်း အဲ့ဒီမိန်းမနဲ့လက်ထပ်ပြီးလောက်
ပြီပဲ ကြီးရွှေ ရယ် ... သူပြန်လာလည်းပဲသမီး
အတွက်မထူးတော့ပါဘူး "ကျွန်မ ကြီးရွှေ လက်ကိုဆုပ်ကိုင်ထားရင်းက
သက်ပြင်းကြိတ်ရှိုက်လိုက်မိသည်။ ထို့နောက်
ကျလာတော့မည့် မျက်ရည်တွေကို ပြန်ထိန်း
လိုက်ရင်း ကုမ္ပဏီ သွားဖို့ ထလိုက်မိပါသည်။
ကုမ္ပဏီကိုရောက်တော့လည်း အတွင်းရေးမှူး
လာပေးသွားသည့်ဖိုင်တွေကိုသာဟိုလှန်ဒီလှန်
လုပ်နေမိရင်းအာရုံက စုစည်းမရချေ။ ညနေ
ကျတော့သားရဲ့ အသုံးအဆောင်ပစ္စည်းတချို့
ဝယ်ရင်းအိမ်အတွက် လိုအပ်တာတွေကိုလည်း
ဝယ်ရန် Ocean Center သို့ဝင်လိုက်မိပါသည်။
သားအတွက်ဝယ်ပြီးသွားတော့မဂ္ဂဇင်းစာအုပ်
တွေ ရှိသည့် တန်းဘက် လျှောက်လာခဲ့မိရင်း
ကျွန်မစာအုပ်တစ်အုပ်ကိုကောက်ကိုင်လိုက်မိ
သည်။ ကျွန်မကောက်ကိုင်လိုက်သည့်အချိန်
ကျွန်မရဲ့လက်ပေါ် လက်တစ်စုံအုပ်မိုးလာကိုင်
လိုက်၍ကျွန်မလှည့်ကြည့်လိုက်မိသည်။
ESTÁS LEYENDO
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romanceလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...