Part 26 Uni/Zawgyi

352 10 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၂၆ }

သူမဒေါသထောင်းခနဲဖြစ်သွားရသော်လည်းသွေးအေးသူပီပီကိုယ့်အိန္ဒြေကိုပြန်ထိန်းလိုက်
သည်။ တော်တော်ကိုပင် မျက်နှာပြောင်တိုက်
လွန်းသော မိန်းကလေးပါလား။ ကာမပိုင်ဇနီး
မယားရှေ့မှာ ဒီလိုမျိုးပြောရဲဆိုရဲတာနည်းတဲ့
သတ္တိတော့ မဟုတ်ပေ။ သူမ လာချပေးသည့်ကော်ဖီခွက်ကိုမွှေနေရင်းကထိုမိန်းကလေးကို
လှမ်းကြည့်လိုက်မိလေသည်။ ထိုမိန်းကလေး
ကသူမ၏ရှေ့တွင်ရဲတင်းစွာပဲထိုင်နေသည်။

" မျက်နှာမပြောင်လွန်းဘူးလား "

" ရှင်စိတ်မပူပါနဲ့ ... ကျွန်မကသာ ချစ်နေတာ
သူမသိပါဘူး "

" ဒီငွေလောက်ဆိုရင်နည်းမယ်မထင်ဘူး မင်း
ဖက်ရှင်ဝါသနာပါတယ်မလား ... အနည်းဆုံး
မင်းကိုယ်ပိုင်ဆိုင်ကောင်းကောင်းတစ်ခုဖွင့်လို့
ရမှာပါ "

အိန်ဂျယ် ထိုမိန်းမ၏မျက်နှာကိုစေ့စေ့ကြည့်
လိုက်သည်။ ဒါကပိုက်ဆံရှိတယ်ဆိုပြီးသူမကို
သက်သက်မဲ့ နှိမ့်ချတာပေါ့လေ။ သူမခပ်ထေ့
ထေ့ ပြုံးလိုက်မိသည်။ အချစ်ကငွေနှင့် တိုင်း
တာလို့မှမရတာ။ သူမ ကိုကို့ကိုချစ်ခဲ့တာ ဟိုး
အရင်ကတည်းကချစ်ခဲ့တာပါ။ ဒါကိုထိုမိန်းမ
သက်သက်သူမကိုလာချိုးနှိမ်တာပါ။

" တို့ယောကျ်ားနဲ့သမီးအနားကနေဝေးဝေးနေ
ပေးပါ "

" အချစ်ကိုငွေနဲ့ထိန်းချုပ်လို့မရဘူး ... ဒါကို
ရှင်နားလည်မယ်မထင်ဘူး ဒေါ်ပန်သွန်းခ "

ကျွန်မ ဟက်ခနဲရယ်လိုက်မိလေသည်။ ဒါက
နောက်မဆုတ်ပေးနိုင်ဘူးဆိုသည့်သဘောပေါ့
လေ။ သူမ အေးအေးဆေးဆေးပြောနေသည်
ကို ပြောမရဆိုမရပါလေ။ တကယ်ကို ရဲတင်း
လွန်းပါလား။

" တို့ကမင်းအတွက်စေတနာနဲ့ပါ ... ကာမပိုင်
ရှိတဲ့ယောကျာ်းနဲ့တွဲသွားတွဲလာနေတာသူများ
တွေပြောမှာမင်းမကြောက်ဘူးလား "

" ရှင်ကျွန်မကိုချိန်းခြောက်နေတာလား "

" မင်းအထင်လွဲနေပြီ ... တို့ကမင်းကိုတကယ်
စေတနာနဲ့သတိပေးတာပါ ဆက်ပြီးရှေ့ဆက်
တိုးဖို့မကြိုးစားပါနဲ့ "

ကျွန်မမုန်းတဲ့သူ့ကို (Complate)Où les histoires vivent. Découvrez maintenant