ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၆ }
လက်ထပ်ပွဲပြီးသွားတော့ သူမတို့ စံအိမ်ပြန်
လာခဲ့သည်။ သူကအောက်မှာအစေခံတွေနှင့်
စကားပြောရင်း ကျန်ခဲ့တော့ သူမ မင်္ဂလာဦး
အခန်းထဲဝင်ခဲ့မိသည်။ သတို့သမီးဝတ်စုံကြီး
နှင့်မနေနိုင်တော့သည်မို့ သူမဆံထိုးမှကလစ်
တွေဖြည်၍ ရေချိုးခန်းထဲဝင်ခဲ့ပြီး ရေတစ်ဝ
ချိုးရင်းပင် ခေါင်းပါလျှော်လိုက်သည်။ သူမ
ညအိပ်ဝတ်စုံကိုတစ်ခါတည်းလဲပြီးပြန်ထွက်
လာတော့ သူကခုတင်ပေါ်တွင် နံရံကိုကျောမှီ
ပြီး ခြေချိတ်ထိုင်နေတော့ သူမပုခုံးလေးတွန့်
သွားမိသည်။ သူကခုတင်ပေါ်ကနေဆင်းရင်း
သူမဆီလျှောက်လာ၍ သူမခြေလှမ်းတွေကို
အနောက်သို့ ဆုတ်နေမိရင်း ခုတင်စောင်းနှင့်
ကပ်လျက်ဖြစ်သွားခဲ့ရပြီး ထိုင်မိသွားသည်။
သူကသူမ၏အပေါ်မှမိုးလာ၍ ဘာလုပ်ရမှန်း
မသိဖြစ်သွားသည်။" မင်းဘာလုပ်မလို့လဲ "
" ခင်ဗျားဒီလောက်အမြန်မေ့လိုက်တာလား
ဒီနေ့ကမင်္ဂလာဦးညလေ "" အို ... မင်း "
" အဟက် ... ဘာလို့လန့်နေတာလဲ "
" ဟင့် ဟင့်အင်း ... ငါလက်မခံဘူး "
" ဒေါ်ပန်သွန်းခ "
သူမအိပ်ယာခင်းစကိုဆုပ်ကိုင်ထားမိရင်းက
သူ့ရင်ဘက်ကိုတွန်းလိုက်မိသည်။ သူကသူမ
၏ လက်ကိုဖမ်းဆုတ်၍ တစ်ဖက်ကအိပ်ယာ
ကို ထောက်ထားသည်။ သူမသဘက်ကိုကိုင်
ထားသည့် လက်နှင့်သူ့ကို တွန်းထုတ်လိုက်မိ
လေသည်။" ငါလက်မခံဘူး ... မင်းလိုလူယုတ်မာလက်
ထဲ ငါ့ဘဝကိုထပ်ပြီး နစ်မွန်းခံမှာမဟုတ်ဘူး
ငါဆိုတဲ့မိန်းမကမင်းဆီမှာအညံ့ခံနေမယ်ထင်
နေတာလား ... မင်းကို ငါဘယ်တော့မှခွင့်ပြု
မှာမဟုတ်ဘူး "" အဟွန်း ... အဲ့ဒီလူယုတ်မာဆိုတဲ့ကောင်က
ခင်ဗျားယောကျာ်းပဲ ဒေါ်ပန်သွန်းခ တကယ်
တော့ ကျုပ်ဖြစ်စေချင်ရင်ခင်ဗျားတားနိုင်မှာမဟုတ်ဘူး ခင်ဗျားက ကျုပ်ရဲ့နယ်ရုပ်လေး
ဖြစ်နေပြီ "" ဘာ မင်း "
ဖြန်း ...............
သူမသူ့ရဲ့ပါးကိုရိုက်လိုက်မိသည်။ သူကပူ၍
ကြိမ်းစပ်သွားသော သူ့ပါးကို လက်ဖြင့် ပွတ်
လိုက်ရင်းသူမ၏ခါးကိုဆွဲဖက်၍ နှုတ်ခမ်းကို
အနမ်းကြမ်းကြမ်းတို့ဖြင့် နမ်းရှိူက်လာသည်။
သူမသူ့အနမ်းတွေကို ရုန်းကန်နေမိရင်းကပင်
သူ့ ရင်ဘက်ကို ရိုက်ပုတ်နေမိသည်။ ခဏနေ
တော့မှ သူကလွှတ်ပေးလိုက်သည်။
VOCÊ ESTÁ LENDO
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romanceလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...