Part 18 Uni/Zawgyi

451 11 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၁၈ }

အိပ်ယာနိုးတော့ သူမကိုရင်ခွင်ထဲ ဖက်ထား
ရင်းသူမမျက်နှာလေးကို သူငုံ့ကြည့်နေမိလေ
သည်။ သူမနဖူးလေးကို သူဖွဖွနမ်းရှိူက်လိုက်
တော့သူမနိုးသွားခဲ့သည်။ သူမက သူ့ကိုမော့
ကြည့်ကာ နှင်းဆီလိုရဲသောမျက်နှာလေးဖြင့်
တစ်ဖက်လွှဲသွားခဲ့ပြီးထထိုင်လိုက်သည်။ သူ
သူမခါးလေးကိုဆွဲဖက်လိုက်မိသည်။ သူမက
သူ့လက်တွေကိုရုန်းဖယ်၍ သူပိုတင်းကျပ်စွာ
ဖက်ထားမိသည်။ သူမက သူ့မျက်နှာကို မော့
ကြည့်ပြီး မျက်နှာချင်းဆိုင်ရပ်နေမိသည်။

" မ "

" ဟင် "

" ကျွန်တော့်ကိုပြန်ချစ်ပေးနိုင်မလား "

" နောက်ကျနေပြီ ငါဗိုက်ဆာနေပြီ ... ရေချိုး
တော့မယ် "

သူမ ပြန်မဖြေဘဲ စကားလမ်းကြောင်းလွှဲ၍
ရှောင်လွှဲထွက်သွားသည်။ သူသက်ပြင်းလေး
ရှိူက်လိုက်မိလေသည်။ မနက်စာစားပြီးတော့
တစ်နေကုန်လည်ပတ်ပြီး ညနေခင်းကမ်းခြေ
မှာစက်ဘီးစီးကြတော့ သူကအရှေ့ကနင်းပြီး
သူမကိုအနောက်ကထိုင်စေကာတစ်စီးတည်း
အတူစီးဖြစ်ကြလေသည်။ သူမသူ့အင်္ကျီစကို
ဆုပ်ကိုင်ထားတော့ သူကသူမလက်ကိုသူ့ခါး
သို့ ဖက်စေသည်။ တစ်နေရာ၌ စက်ဘီးလေး
ရပ်ပြီးသူမအတွက် အကင်တွေသွားဝယ်ပေး
သည်။ သူမ ပင်လယ်ပြင်ကိုငေးရင်း အတွေး
မျောလွင့်နေ၍သူပုဝါလေးယူလာခဲ့ပြီးသူမရဲ့
ပုခုံးထက်တွင် ခြုံပေးကာ သူမကိုဖက်ထားမိ
လေသည်။

" မ ဘာတွေစဥ်းစားနေတာလဲ "

" ဘာမှမဟုတ်ပါဘူး "

" ကျွန်တော့်ကိုပြောပြလို့မရဘူးလား "

" ဘာလို့သိချင်တာလဲ "

" မ အတွေးထဲ ကျွန်တော်သိချင်တယ် ဘယ်
သူ့အကြောင်းစဥ်းစားနေတာလဲလို့ ... သူစိမ်း
ယောကျ်ားလေးအကြောင်း မ စဥ်းစားနေရင်
တော့သဝန်တိုမိမှာအမှန်ပဲ "

" မင်းငါ့ကိုဘာလို့ချစ်ရတာလဲ "

" အဟား ... မ ကကျွန်တော့်အကြောင်းတွေး
နေတာလား ပျော်လိုက်တာ "

ကျွန်မမုန်းတဲ့သူ့ကို (Complate)Tempat cerita menjadi hidup. Temukan sekarang