Part 14 Uni/Zawgyi

507 11 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၁၄ }

ကြီးရွှေ ကပြောပြီးထွက်သွားလေသည်။ သူ
အပေါ်တက်လာခဲ့ရင်းအိပ်ပျော်နေသည့်သူမ
၏ဘေးနားတွင် ကပ်ထိုင်လိုက်ပြီး နှဖူးထက်
မှပလာစတာလေးကို ငေးကြည့်နေခဲ့မိသည်။
ငိုထား၍ မျက်ရည်စများစိုစွတ်နေသေးသည့်
သူမ မျက်တောင်ဖျားလေးကို သူညင်သာစွာ
ငုံ့နမ်းရှိူက်လိုက်မိရင်းသူမဘေးတွင်လှဲချကာ
သူမကိုယ်လေးကိုပွေ့ဖက်ထားလိုက်မိသည်။
ညနေ သူမနိုးလာတော့ သူက သူမကိုဖက်ပြီး
သူ့ရဲ့ရင်ခွင်ထဲသို့ ထည့်ထားရင်းအိပ်ပျော်နေ
သည်။ သူမသူ့လက်မောင်းပေါ်သို့ ခေါင်းအုံး
ထားလျက်ပင် သူ့မျက်နှာကိုမော့ကြည့်မိရင်း
မျက်နှာလေးမဲ့လိုက်မိသည်။

" ဒီလိုကျတော့ ဘာမှမသိတဲ့သူတစ်ယောက်
လိုပဲ ... အပြစ်ကင်းတဲ့မျက်နှာနဲ့အိပ်နေလိုက်
တာ "

" စကားများလိုက်တာ တိတ်တိတ်လေးအိပ်
လို့မရဘူးလား "

" ဟင် "

သူမသူ့ကိုကျောခိုင်းလိုက်မိတော့ သူကသူမ
ခါးကိုပို၍တင်းကျပ်စွာဖက်ထားသည်။ သူမ​
ပြောနေတာတွေကို သူကြားသွားခဲ့တာလား။
သူနိုးနေတာလား။ သူမထမလို့လုပ်တော့ သူ
ကသူမကိုလေးကို ဆွဲလှည့်ပြီး ရင်ခွင်ထဲ ပြန်
ထည့်ကာ ဖက်ထားသည်။ သူမမျက်ခုံးလေး
တွန့်ချိုးကာသူ့ကိုကြည့်လိုက်မိသည်။

" ငါ့ကိုလွှတ် "

" ဒီတိုင်းလေးပဲဖက်ထားပါရစေ "

" မောင် ငါ့ကိုလွှတ်တော့ "

သူမ မကျေမနပ်ဖြင့်သူ့ကိုမော့ကြည့်လိုက်မိ
ရင်းကပင် ယောင်ပြီးခပ်ပြတ်ပြတ်လေးခေါ်​
၍ ပြောလိုက်မိပါသည်။ ပြီးမှ ကိုယ့်ဘာသာ
ကိုယ်စိတ်တိုကာ နှုတ်ခမ်းလေးဖိကိုက်မိရင်း
ကသက်ပြင်းတစ်ချက်ရှိူက်လိုက်မိသည်။ သူ
ကမျက်လုံးတွေကိုမှိတ်ထားရာမှ သူမကိုငုံ့၍
ကြည့်လာလေ၏။ သူမခေါင်းလေးကိုငုံ့ထား
လိုက်မိတော့သူကအပေါ်မှမိုး၍သူမမျက်ဝန်း
တွေကိုစိုက်ကြည့်လာသည်။

" နောက်တစ်ခေါက်ပြန်ခေါ်ပါလား "

" ဟင် "

" ငါ့ကိုလွှတ်တော့ ရေချိုးတော့မယ် "

ကျွန်မမုန်းတဲ့သူ့ကို (Complate)Donde viven las historias. Descúbrelo ahora