ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၃ }
သူမဒယ်ဒီ့ရှေ့မှာ သူမ၏ အဝတ်အစားတွေ
ကိုသေချာပြင်ဆင်ပြီး ခုတင်ပေါ်က ဆင်းရပ်
လိုက်မိသည်။ သူ့ဘက် လှည့်ကြည့်တော့ သူ
ကခေါင်းကုပ်ရင်း တိတ်နေလေသည်။ ဒယ်ဒီ
ကစိတ်ဆိုးစွာ ဘာမှမပြောဘဲအပြင်သို့ထွက်
သွားခဲ့သည်။ သူမနှုတ်ခမ်းကိုဖိကိုက်လိုက်မိ
ပြီး သူ့ပါးကို အားပြင်းပြင်းနှင့်ရိုက်လိုက်မိပါ
သည်။ သူကသူမပုခုံးကို ဆုပ်ကိုင်လာပါ၏။
သူမသူ့လက်ကိုရုန်းဖယ်လိုက်မိရင်း နှုတ်ခမ်း
မှ သွေးကိုသုတ်လိုက်မိသည်။ဖြန်း ...............
" မပန် ... ကျွန်တော်တောင်းပန်ပါတယ် "
" ဖယ်စမ်း ငါ့ကိုမထိနဲ့ "
" မပန် ... ကျွန်တော်တကယ်ပဲတောင်းပန်ပါ
တယ် ကျွန်တော်မရည်ရွယ်ပါဘူး ကျွန်တော်
မရည်ရွယ်ဘဲ "" ဖယ်စမ်း ငါ့ကိုလွှတ် ... မင်းငါ့ကိုဘယ်လို
လုပ်လိုက်တာလဲ "" မပန် ကျွန်တော် ... "
" ငါ့လိုသူဌေးသမီးကမင်းနဲ့တန်လို့လား မင်း
ဒီလိုလုပ်တာ မင်းလိုအဆင့်မရှိတဲ့ကောင်ကို
ငါကလက်ထပ်မယ်ထင်လား လူယုတ်မာ "" ကျွန်တော့်ကိုအဲ့လိုမခေါ်နဲ့ ... ကျွန်တော်လို
ကောင်ကအဆင့်မရှိပေမယ့် အဲ့ဒီလောက်ထိ
ယုတ်မညံဘူး "" ခေါ်တော့ဘာဖြစ်လဲ "
" မပန် "
တောက် ...............
" အောက်တန်းစား ... လူယုတ်မာ "
သူမှားခဲ့တာကိုတော့ သူလက်ခံပေမယ့် သူမ
ရဲ့ မောက်မာလွန်းသည့် အပြုအမူနှင့် စကား
တွေကြောင့် သူနည်းနည်းတော့ ခံပြင်းမိသွား
ရပါသည်။" ကျွန်တော်မှားခဲ့တာဝန်ခံတယ် ပထမတော့
ကျွန်တော်မှားခဲ့တာအတွက်ကို ... နောင်တရ
မိတယ် ဒါပေမယ့် အခုအဲ့ဒီ့အောက်တန်းစား
လူယုတ်မာ နဲ့ပဲခင်ဗျားပေါင်းသင်းရမယ် "သူပြောပြီး ရှေ့ကနေထွက်သွားသည်။ သူမ
စိတ်အလွန်တိုနေပေမယ့် ဒယ်ဒီစောင့်နေတာ
မို့ သူမနောက်ကလိုက်ထွက်ခဲ့ရသည်။ ဒယ်ဒီ
က ဆိုဖာတွင်ထိုင်နေသည်။ သူ့ကိုတော့ သူမ
မတွေ့မိတော့ချေ။ သူမရပ်နေမိရင်းကဒယ်ဒီ
ပြောလာမှ သူမဆိုဖာမှာဝင်ထိုင်လိုက်သည်။
ဒယ်ဒီကမျက်မှန်ကိုပင့်၍သူမဘက်သို့ကြည့်
လာတော့ သူမစကားစလိုက်ပေမယ့်ဒယ်ဒီက
ဖြတ်၍ပင် ပြောလာခဲ့လေသည်။
YOU ARE READING
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romanceလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...