Part 31 Uni/Zawgyi

402 9 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၃၁ }

ကျွန်မသတိရလာတော့ကျွန်မရဲ့ဘေးနားတွင်
ကိုမိုးစက်ချိန်း ထိုင်နေ၍ကျွန်မရုတ်တရတ်ထ
ထိုင်လိုက်မိသည်။ တကယ်သာဆိုလျှင်ကျွန်မ
ဘေးတွင် ရှိနေခဲ့သင့်တာကသူပါ။  ယခုတော့
သူစိမ်းယောကျ်ားတစ်ဦးက ကျွန်မကိုဂရုစိုက်
ပေးနေခဲ့သည်။

" ကိုမိုးစက်ချိန်း "

" သမီး ပန်လေး သက်သာရဲ့လား သားခမ်း
ကိုဖုန်းဆက်တော့သူဖုန်းမကိုင်တာနဲ့ ကြီးရွှေ
ဘာလုပ်ရမှန်းမသိလို့ မောင်မိုးစက်ချိန်း ကို
ဆက်လိုက်တာ "

" ဘယ်လိုဖြစ်ကြတာလဲ ပန်သွန်း ရယ် "

" ကြီးရွှေ အဟင့် ဟင့် "

" မငိုပါနဲ့ သမီးရယ် ... သမီးပင်ပန်းလိမ့်မယ် "

ကျွန်မ ကိုမိုးစက်ချိန်း အမေးကို ပြန်မဖြေနိုင်
ဘဲ အနားမှာလာထိုင်နေသည့် ကြီးရွှေ ကိုသာ
ဖက်ပြီးထပ်ငိုလိုက်မိသည်။ ကြီးရွှေ ကကျွန်မ
ကျောကိုပွတ်ပြီး နှစ်သိမ့်ပေးသည်။ ကိုယ့်ကို
မချစ်တော့သည့်ယောကျ်ားကိုကျွန်မဆက်ပြီး
မဆွဲထားချင်တော့ပါ။ ကျွန်မ တကယ်ပင်ပန်း
နေပါပြီ။ ကျွန်မကွာရှင်းပေးလိုက်ဖို့ ဆုံးဖြတ်
ချက်ချလိုက်မိသည်။ ကြီးရွှေ ပုခုံးကိုမှီလျက်
ငိုနေမိရာမှကျွန်မမျက်ရည်တွေကိုသုတ်လိုက်
ပြီးကိုယ်ကိုပြန်မတ်ထိုင်လိုက်မိသည်။

" ကြီးရွှေ "

" ပြောလေ သမီး "

" သမီးသူ့ကိုကွာရှင်းပေးဖို့ဆုံးဖြတ်လိုက်ပြီ "

" အိုကွယ် သမီးရယ် ... ဒီလိုလွယ်လွယ်တော့
ဆုံးမဖြတ်လိုက်ပါနဲ့ကွယ် သား ခမ်း နဲ့စကား
အေးဆေးပြောကြည့်ပါဦး "

" သမီးတကယ်ပင်ပန်းနေပြီ ကြီးရွှေ ​"

" ပန်သွန်း တစ်ခုတော့မင်းသိသင့်တယ် မင်း
တစ်ခုခုဆုံးဖြတ်ချက်မချခင်မှာ မင်းရင်သွေး
လေးအတွက်စဥ်းစားသင့်တယ် မင်းမှာ ခမ်း
ရဲ့ရင်သွေးလေးရှိနေပြီ "

" ဟင် "

ကျွန်မအရှေ့နံရံကိုငေးစိုက်၍ကြည့်နေခဲ့ရာမှ
လှည့်ကြည့်လိုက်မိပြီးတော့ လက်အစုံကဗိုက်
ကိုအလိုလို ရောက်သွားခဲ့မိလေသည်။ ကျွန်မ
မျက်ဝန်းမှ မျက်ရည်တွေကို သုတ်လိုက်မိရင်း
မျက်နှာကိုတင်းမာလိုက်မိသည်။

ကျွန်မမုန်းတဲ့သူ့ကို (Complate)Onde histórias criam vida. Descubra agora