ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၁၅ }
သူက ဟက်ခနဲရယ်သည်။ ကျွန်မပြောသည့်
ထဲရယ်စရာမှမပါတာလေ။ ကျွန်မအလိုမကျ
သော မျက်နှာဖြင့်သူ့ကို လှည့်ကြည့်မိသည်။
သူကကျွန်မခါးကိုသူ့အနားကိုဆွဲ၍ဖက်လိုက်
သောကြောင့် သူ့ရင်ခွင်ကျယ်ထဲရောက်သွား
ရသည်။ သူကဖက်ထားရင်းကပဲ မျက်မှောင်
ကြုတ်ကာ ကျွန်မကိုကြည့်ပြီး ဆိုလာသည်။" ကျွန်တော့်ကိုစိတ်တိုအောင်မလုပ်နဲ့ "
" ဘယ်သူကရန်ဖြစ်ချင်လို့လဲ ဖယ် "
" ဒါဆို ဖြေ "
" ငါအဲ့ဒီလူနဲ့ဘယ်လိုသိသိမင်းဘာလို့သိချင်
တာလဲ မင်းနဲ့ဘာဆိုင်လဲ ... မင်းအတွက်ဘာ
အရေးပါလို့လဲ "" အရေးပါတာပေါ့ ဘာလို့ဆို ... "
" ကိုယ်တိုင်ကအဖြေမရှိဘဲ ဘာလို့သူများကို
မေးနေခဲ့သေးလဲ ... ဖယ်ပေး ငါအလုပ်လုပ်ရ
ဦးမယ် "" ဒေါ်ပန်သွန်းခ ... ခင်ဗျား ကျုပ်ကိုစိတ်တို
အောင်လုပ်နေတာလား "သူကသူမကိုဖက်ထားပြီး ဆိုဖာပေါ်ထိုင်နေ
ရင်းက ရုတ်တရတ်ထရပ်ပြီး မျက်ထောက်နီ
နှင့်ကြည့်လာသည်။ သူမလည်း ထရပ်လိုက်
ပြီး အရွဲ့တိုက်ကာ ဖြေလိုက်သည်။" မင်းဘာသာစိတ်တိုတာမတိုတာမင်းအပိုင်း
ပဲ ငါနဲ့မဆိုင်ဘူး "" ဘာလို့ဆိုခင်ဗျားကကျုပ်ဇနီး "
" အဲ့ဒါငါကဘာလုပ်ရမှာလဲ ... ဒီအိမ်ထောင်
ရေးကို ငါတည်ဆောက်ခဲ့တာမှမဟုတ်ပဲ မင်း
ငါ့ကိုဘယ်သူနဲ့တွေ့တွေ့တားဆီးလို့မရဘူး "" ခင်ဗျားယောကျ်ားတွေကိုကစားခွင့်မရှိဘူး "
" အဲ့ဒီတော့ဘာဖြစ်ချင်တာလဲ "
" ဒေါ်ပန်သွန်းခ "
" ဘာလုပ်ချင်တာလဲ ကွာရှင်းချင်လား "
" ဟွန်း ခင်ဗျားကိုကျုပ်လွယ်လွယ်နဲ့ကွာပေး
မယ်ထင်နေလား ခင်ဗျားရဲ့မာနတွေကိုကျုပ်
ဒီထက်ရိုက်ချိုးဦးမှာ "" ပန်သွန်းခ ကဘယ်သူ့ကိုမှလွယ်လွယ်လေး
ဦးညွှတ်လိုက်မှာမဟုတ်ဘူး "
STAI LEGGENDO
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Storie d'amoreလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...