Part 36 Uni/Zawgyi

481 12 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၃၆ }

ပန်သွန်းခ ဘာမှမပြောတော့ဘဲဆက်ပြီးပြေး
တော့ သူကဆက်လိုက်တုန်းပင်သူမပြန်လှည့်
ကြည့်ရင်း ပင့်သက်ရှိုက်ပြီး ခုံတန်းမှာသွား၍
ထိုင်လိုက်မိသည်။ သူက သူမနောက်ကလိုက်
လာကာခုံတန်း၏တစ်ဖက်အစွန်ဘေးတွင်ဝင်
ထိုင်လေသည်။ ပြီးနောက် သူ့လက်ထဲမှရေဗူး
ကိုလှမ်းပေးသည်။ သူမယူ၍ မော့သောက်ပြီး
ပြန်ပေးလိုက်မိသည်။

" ဘာလို့ ငါ့နောက်ကိုဆက်လိုက်နေတာလဲ "

" ကျွန်တော်မသိဘူး "

သူမတိတ်ဆိတ်သွားပြီး အရှေ့တည့်တည့်မှ
ရေပြင်ကိုပင် ငေး၍ ကြည့်နေလေသည်။ သူ
သူမဘက်သို့လှည့်ပြီး မသိမသာခိုးကြည့်နေ
မိပါသည်။ သူမကတော့ သတိထားမိသည့်ပုံ
မရပါလေ။ မဟုတ်ရင် သူမရှောင်ထွက်သွား
မည်ထင်ပါသည်။

" မ "

" ဟင် "

" အဆင်ပြေရဲ့လား "

ကျွန်တော်ခေါ်လိုက်တော့သူမကလှည့်ကြည့်
လာပါသည်။ သူမကိုမေးတော့သက်ပြင်းရှိုက်
ကာ မျက်နှာတစ်ချက်လွှဲသွားပြီး ခပ်ထေ့ထေ့
ပြုံးရယ်သည်။ သူမအပြုံးကြောင့် ကျွန်တော်
ခေါင်းကိုငုံ့ချလျက် မြေပြင်ကိုစိုက်ကြည့်နေမိ
လေသည်။

" ဘာလို့လဲ "

" မ "

" ဘာလို့ အခုမှဒါတွေလာမေးနေတာလဲ "

" ကျွန်တော်ဒီတိုင်းပဲသိချင်လို့ပါ "

" ဘာလဲ ... အဆင်ပြေလို့မရဘူးလား "

သူမခပ်ထေ့ထေ့ပြောပြီး ရယ်ရင်းထိုခုံတန်းမှ
ထထွက်သွားခဲ့သည်။ ကျွန်တော် အနောက်က
နေပြေးလိုက်ခဲ့ရင်းမမှီတော့ဘဲသူမကားဆီသို့
ပြန်သွားပြီးမောင်းကာထွက်သွားခဲ့လေသည်။
ကျွန်တော်ခါးထောက်၍ ရပ်လိုက်မိရင်းလေပူ
တစ်ချက် မှုတ်ထုတ်လိုက်မိပါသည်။ လက်က
နာရီကိုကြည့်ရင်းချွေးတွေနှင့်အလုပ်သွားရဦး
မှာမို့အိမ်ကိုခဏပြန်ရေချိုးလိုက်မိလေသည်။
ကုမ္ပဏီမှာအားနေတော့ကျွန်တော်စုံလည်ခုံကိုပြတင်းမှန်ဘက်သို့လှည့်ထိုင်ကာဖုန်းကိုဖွင့်၍
မရောက်တာကြာပြီဖြစ်သည့် သူမ အင်စတာ
ဂရမ်အကောင့်လေးထဲဝင်ကြည့်နေခဲ့မိသည်။
သူမ ကိုယ်ဝန်ဆောင်တုန်းက ပုံတွေရယ်၊သူမ
နှင့်သူမသားလေးပုံတွေရယ်သာတင်ထား၏။
သူမတို့လက်ထပ်တုန်းက ပုံတွေကိုမတင်ထား
ပါလား။

ကျွန်မမုန်းတဲ့သူ့ကို (Complate)Tempat cerita menjadi hidup. Temukan sekarang