ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၂၂ }
ဒီနှစ်တွေမှာသူမတို့မိသားစုလေးကအေးချမ်း
စွာပင် နေထိုင်ခဲ့ကြလေသည်။ သို့သော် သမီး
လေးသုံးနှစ်အရွယ်မှစ၍ သူမနှင့် သူ့ကြားကဆက်ဆံရေးက အရင်လိုပြန်ပြီး တင်းမာစပြု
လာခဲ့သည်။ သူမ ကုမ္ပဏီမှာ အလုပ်ပြန်ဝင်ဖို့
ဆုံးဖြတ်လိုက်သည့် ထိုနေ့မှစ၍ပေါ့။" မောင် ငါပြောစရာရှိတယ် "
" ဟုတ်ကဲ့ ပြောလေ "
" ငါကုမ္ပဏီမှာအလုပ်ပြန်ဝင်တော့မယ် "
ခမ်း အလုပ်ကပြန်လာပြီးမိသားစုတွေအတူ
ထမင်းစားပွဲတွင် ညနေစာထိုင်စားနေကြရင်း
မှ သူမ၏ စကားကြောင့် ရပ်တန့်ကာ ဇွန်းကို
ချပြီး သူမကိုမော့ကြည့်လိုက်သည်။ သူမက
သူ့ကိုလှည့်မကြည့်ဘဲ စားရင်း ဆိုလိုက်ခြင်း
ဖြစ်သည်။ သူဆက်မစားဖြစ်တော့ဘဲ ထိုင်ခုံ
နောက်ကျောကိုမှီလိုက်မိသည်။" ဒါပေမယ့် သမီးကရော "
" သမီးကိုမူကြိုပို့ဖို့ဆုံးဖြတ်ထားတယ် သမီး
ကိုထိန်းဖို့အစေခံတွေလည်းရှိတာပဲ "" မ သမီးကအရမ်းငယ်သေးတယ်လေ အမေ
နဲ့အနီးကပ်ရှိဖို့လိုသေးတယ် "" ငါကုမ္ပဏီမှာအလုပ်ပြန်ဝင်ဖို့ ဆုံးဖြတ်ထား
ပြီးပြီ "" မ ကျွန်တော့်ကိုမတိုင်ပင်သင့်ဘူးလား "
" တိုင်ပင်ရမယ်ဟုတ်လား ဒီမှာသမီးအတွက်
ငါ့အချိန်တွေကိုပေးခဲ့ပြီးပြီ မောင် ငါမလိုချင်
ခဲ့တဲ့ဒီကလေးအတွက်ကိုငါ့ဘဝတစ်လျှောက်
လုံးရဲ့အချိန်တွေကိုပေးရမှာလား "သူမ သမီးမကြားရလေအောင် သူ့အနားကပ်
ကာ အသံကိုကြိတ်ပြောလိုက်မိသည်။ သူဘာ
မှမပြောတော့ဘဲ စားပွဲကို ထုရိုက်ပြီး ထထွက်
သွားခဲ့လေသည်။ သူမလည်း ဆက်စားဖို့စိတ်
မပါတော့၍ထရပ်လိုက်မိရင်း သမီးကသူမကို
မျက်နှာငယ်လေးနှင့်မော့ကြည့်၏။ သူမသမီး
၏ မျက်နှာကလေးကို ပြန်ငုံ့ကြည့်လိုက်မိရင်း
ကောက်ချီကာ အပေါ်ထပ်တက်ခဲ့လိုက်သည်။" မားမား ပါးပါးကဘာလို့စိတ်ဆိုးသွားတာလဲဟင် ... မားမားတို့ရန်ဖြစ်ကြတာလားဟင် "
VOCÊ ESTÁ LENDO
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romanceလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...