Part 37 Uni/Zawgyi

498 11 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၃၇ }

ကျွန်မသူပြောတာလက်ခံလိုက်မိပြီးတော့ သူ့
ကားပေါ် သွားထိုင်လိုက်သည်။ သို့သော် ကား
ကခရီးလမ်းသိပ်မရောက်သေးဘဲထိုးရပ်သွား
ပြန်ပါသည်။ သူကစီယာတိုင်ကို ထုရိုက်လိုက်
ရင်း ကျွန်မသူ့ကို လှည့်ကြည့်လိုက်မိပါသည်။

" ဘာဖြစ်တာလဲ "

" ဆီကုန်သွားပြီ "

" ဟင် ဒါဆိုဘယ်လိုပြန်မှာလဲ "

" မတက်နိုင်ဘူး ဒီနားမှာဆီဆိုင်ရှာကြည့်ရမှာ
ပဲ ... မဟုတ်ရင်လည်း တည်းဖို့နေရာတစ်ခုခု
ရှာကြည့်ရမှာပဲ "

" ကိုယ့်ဘာသာပဲရှာ ... ငါတက္ကစီငှားပြီးပဲပြန်
တော့မယ် အိမ်မှာသားကငါ့ကိုစောင့်နေလိမ့်
မယ် "

" မ ... ဒီအချိန်ကြီးဘယ်ကတက္ကစီကရမှာလဲ
ရရင်တောင်လူကောင်းဖြစ်နိုင်ပါ့မလား "

" မသိဘူး ငါပြန်မယ် "

" အဲ့ဒါဆိုလည်းသဘောပဲ ကျွန်တော်ကတော့
သွားတော့မယ် ... နာရီကိုလည်း ပြန်ကြည့်ဦး
ဒီချိန်ဆိုရင််တော့ လမ်းမပေါ်မှာ ... တော်ပါပြီ
ကျွန်တော်သွားတော့မယ် လိုက်ချင်ရင်လည်း
လိုက်ခဲ့ "

" ဟင် "

သူကပြောပြီးရှေ့ကနေထွက်သွားသည်။ သူ
တမင်သက်သက်သူမကိုခြောက်သွားတာပါ။
မိန်းမတစ်ယောက်ကို လမ်းမမှာ တစ်ယောက်
တည်း ထားခဲ့ပြီးတော့ ခြောက်သွားသေးတာ
ပါ။ သူမ​ ကျောချမ်းလာသည်မို့ သူ့နောက်ကို
အမြန်လိုက်ခဲ့ရသည်။

" နေဦးလေ လိုက်မယ်လို့ မိန်းမတစ်ယောက်
ကိုလမ်းမပေါ်မှာဒီချိန်ကြီးတစ်ယောက်တည်း
ထားခဲ့စရာလား "

" အဟက် "

" မကောင်းတဲ့ကောင်စုတ် အကျင့်ကိုကအရင်
တိုင်းပဲ "

" ဟက် ... ကျွန်တော်ကသက်သက်စတာပါ မ
ကိုဒီချိန်ကြီးတစ်ယောက်တည်းမထားခဲ့ပါဘူး
စိတ်မချဘူး "

ကျွန်မဘာမှမပြောတော့ဘဲတိတ်ဆိတ်သွားရ
ပြီးသူ့နောက်ကိုသာလိုက်ခဲ့သည်။ အနီးနားက
တည်းခိုခန်းတစ်ခုမှာပဲသော့ယူ၍ဝင်နားလိုက်
သည်။ ဖုန်းက အားမရှိတော့သည်မို့ ဖုန်းအား
အရင်သွင်းလိုက်ပြီး နှစ်ဦးသား မလှမ်းမကမ်း
မှာထိုင်နေမိပါသည်။ တစ်ဦးနှင့်တစ်ဦးစကား
မပြောမိဘဲတိတ်ဆိတ်နေခဲ့သည်။ ထို့နောက်မှ
သာလျှင်သူကစခေါ်လာသည်။

ကျွန်မမုန်းတဲ့သူ့ကို (Complate)Tempat cerita menjadi hidup. Temukan sekarang