ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၁ }
မော်လမြိုင်ကမ်းနားလမ်းတစ်လျှောက်တွင်
တစ်ပတ်ပြေးပြီး ရပ်လိုက်ရင်း နှဖူးထက်၌စို့
လာသည့် ချွေးစက်တို့ကို သူမရဲ့သဘက်ဖြင့်
သုတ်လိုက်မိလေသည်။ လက်ထဲကရေဗူးကို
မော့သောက်ရင်းခဏအမောဖြေလိုက်သည်။
ထို့နောက် လက်မှနာရီကိုတစ်ချက်ကြည့်ရင်းဘောင်းဘီအိတ်ထဲက ကားသော့ကို ထုတ်ယူ
၍ ကားဆီသို့လျှောက်လာခဲ့သည်။ ရုံးချိန်က
စောနေသေးသောကြောင့် ကားပေါ်တွင် ထိုင်
ပြီးနားကျပ်တပ်ထားမိရင်းသီချင်းအေးအေး
တစ်ပုဒ်ကိုဖွင့်၍ မျက်လုံးများမှိတ်ထားလိုက်
မိပါသည်။ မြရိပ်မြုံ စံအိမ်၏ တစ်ဦးတည်း
သော သမီးဖြစ်သလို ယောက်ျားတိုင်းကပင်ဝိုင်းဝိုင်းလည်နေလေသောလှပပြီးထက်မြတ်
လွန်းသည့် သူမမျက်နှာထက် မာန်တွေပြည့်
နက်နေလေသည်။ ငယ်စဥ်ကတည်းက မာမီ
ကဒယ်ဒီနှင့် စကားများပြီး အိမ်ပေါ်က ဆင်း
သွားခဲ့သည်။ သိပ်မကြာခင်မှာပဲနောက်အိမ်
ထောင်ပြုပြီးဆုံးသွားခဲ့သည်။ သူမကဒယ်ဒီ
နှင့်အစေခံတွေ၏ လက်ထဲမှာပဲကြီးပြင်းခဲ့ရ
သည်။ သူမအတွက်တော့ချစ်ခြင်းမေတ္တာဆို
တာ ငွေလောက်အရေးမကြီးခဲ့တာအမှန်ပင်။
ချစ်ခြင်းမေတ္တာမရရှိခဲ့သည့်သူမထံချစ်ခြင်း
မေတ္တာဆိုတာမရှိပါ။ ခါးသီး၊ခက်ထန်မှူတွေ
သာ သူမဆီတွင် ပြည့်နက်နေပါသည်။ သူမ
ကားမှ သီချင်းဖွင့်ထားပြီး ကားမောင်းလာခဲ့
ရင်းက ကားကတုံ့ခနဲရပ်သွား၍ ကျွတ်သက်
လိုက်ပြီး ကားပေါ်ကဆင်းလိုက်ရသည်။ကျစ် ...............
ကားဘီးကပေါက်သွားပြန်ပါပြီလေ။ ပေါက်
သွားသည့်ကားဘီးကိုကြည့်နေရင်းစိတ်ပျက်
စွာရပ်နေမိသည်။ ထို့နောက် ကားထဲမှဖုန်းကို
သူမထုတ်ယူရင်းက ဒယ်ဒီ့ဆီကို ဆက်လိုက်
မိပါသည်။ ကားကိုပြင်ဆိုင်ပို့ဖို့ကသူမတစ်ဦး
တည်းမဖြစ်နိုင်ပါလေ။" ဒယ်ဒီ သမီးကားဘီးပေါက်သွားလို့ "
" ဟုတ်လား ... သမီးအခုဘယ်မှာလဲ ဒယ်ဒီ
မောင်ခမ်း ကိုလာကြိုခိုင်းလိုက်မယ် "" သူ့ကိုဘာလို့ကြိုခိုင်းမှာလဲ တခြားသူကိုပဲ
လွှတ်ပေးလို့မရဘူးလား "
KAMU SEDANG MEMBACA
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romansaလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...