Part 24 Uni/Zawgyi

329 9 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၂၄ }

ခမ်း သူမကို စောင့်နေရင်းက သူမပြန်ရောက်
မလာသေး၍ကုမ္ပဏီကို ဖုန်းဆက်တော့လည်း
အတွင်းရေမှူးက မရှိဘူးဟုဆိုသည်။ သူမဖုန်း
ကိုဆက်တော့လည်း ဖုန်းကမကိုင်ပြန်ပါလေ။
တကယ်ဆိုဒီနေ့က သူတို့မင်္ဂလာနှစ်ပတ်လည်
မို့အပြင်မှာ မိသားစုညစာစားရင်း အချိန်ဖြုန်း
ရန် သူတွေးထားခဲ့မိတာပါလေ။ မနက်ကသူမ
အတွက် သူမအကြိုက်ကိုရွေးပြီးပြင်ပေးထား
သည့်မနက်စာကိုလည်း မစားမသွားပါ။ ယခု
လည်းပဲ သူမပြန်မရောက်လာပါ။ သူ သေချာ​
​မနက်ကပြောထားခဲ့တာကိုသူမအလေးမထား
ပြန်ပါလေ။ သူသမီးကို ချော့ပြောလိုက်တော့
သမီးကစိတ်ကောက်ပြီးအပေါ်ပြန်တက်သွား
လေသည်။ သူသမီးကိုချော့မော့ပြောပြီးတော့
သိပ်လိုက်ရသည်။ သမီး အိပ်ပျော်သွားတော့
မှသူအောက်ဆင်းလာခဲ့ပြီး ခြံထဲဆင်းထိုင်နေမိသည်။

ပန်သွန်းခ ကားကို ခြံဝန်းထဲသို့ ကွေ့ဝင်လိုက်
သည်။ သူမ လေလံလျှောက်လွှာတင်သွင်းရန်ကုမ္ပဏီကနေပဲတန်းပြီး ခရီးသွားလိုက်ရ၍ မိုး
ချုပ်တော့မှပြန်ရောက်လာခဲ့သည်။ သူမကား
ပေါ်ကဆင်းလာတော့ သူကဒန်းပေါ်မှာထိုင်နေ
၍သူမသူ့ဆီကိုလျှောက်သွားပြီး ဘေးမှာကပ်
ထိုင်လိုက်မိသည်။

" မောင်ငါတောင်းပန်ပါတယ် ... ငါနောက်ကျ
သွားတယ် "

" ရပါတယ် "

သူက စိတ်ဆိုးနေသလို တစ်ခွန်းပဲ ပြန်ဖြေပြီး
တစ်ဖက်သို့ပြန်၍လှည့်သွားသည်။ သူဘာလို့
စိတ်ဆိုးနေရပြန်တာလဲ သူမ နားမလည်တော့
ပါလေ။ သူက ထသွားပြီး ကျောက်ခဲကောက်
ယူ၍ အနီးနားရှိ သစ်ပင်မှာ သူမနာမည်နှင့်သူ့
နာမည်ကိုရေးခြစ်လိုက်လေသည်။ သူမသူ့ကို
နားမလည်စွာရပ်ကြည့်နေမိသည်။

" မောင် အဲ့ဒါဘာလုပ်နေတာလဲ "

" တကယ်လို့ ကျွန်တော်တို့အဝေးဆုံးရောက်
သွားလို့ တစ်ယောက်ကိုတစ်ယောက်မမှတ်မိ
ရင်တောင် ကျွန်တော်တို့အချစ်တွေမသေဆုံး
သွားစေဘဲအမှတ်တရရှိနေအောင်လို့ရေးခြစ်
နေတာ "

" မောင် "

သူမအနောက်မှာရပ်၍ သူ့ကိုငေးကြည့်နေရာ
ကသူ့ခါးကိုဖက်ထားလိုက်မိသည်။ သူကသူမ
ကိုလှည့်ကြည့်လာသည်။ သူမပုခုံးကိုပြန်ဖက်
ထားသည်။ သူမ သူ့ရင်ခွင်ထဲမှ သူ့မျက်နှာကို
မော့ကြည့်လိုက်မိသည်။

ကျွန်မမုန်းတဲ့သူ့ကို (Complate)Donde viven las historias. Descúbrelo ahora