Part 21 Uni/Zawgyi

395 11 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၂၁ }

[ ၃ ] နှစ်ခန့်ကြာသော်

ပန်သွန်းခ သမီးလေးနှင့်အတူတူမုန့်ဝယ်စား
ပြီး လမ်းလျှောက်ထွက်ရာကပြန်လာခဲ့ရင်းမှ
အတူ ရယ်မောနေခဲ့ကြသည်။ သမီးရဲ့ လက်
ကလေးကိုဆွဲကာ လေထဲ၌ ဝဲလွင့်ကစားရင်း
သမီးကတခစ်ခစ်ရယ်ကာ ပျော်ရွှင်နေသည်။
သူရောက်လာတော့သမီးကိုအောက်ချပေးပြီး
သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ ခဏနေ
တော့သမီးကသူမကိုမော့ကြည့်လာပြီးချီခိုင်း
၍ သူမကောက်ချီလိုက်မိပါသည်။ သူကသူမ
တို့ဆီသို့လျှောက်လာသည်။

" မားမား ဟိုမှာ ပါးပါး လာပြီ "

" ဒီသားအမိတွေဘယ်သွားနေကြတာလဲ "

" မောင် "

ကျွန်မသူ့ကို ရပ်ကြည့်နေမိရင်း သူကကျွန်မ
လက်ထဲမှသမီးကိုယူချီလိုက်သည်။ ပြီးတော့
သမီးပါးကိုနမ်း၍ကျွန်မဘက်ပြန်လှည့်ကြည့်
လာသည်။ သူမနှင့်သမီးကအဖြူရောင်ဂါဝန်
ကိုဝတ်ထားပြီးသူကရှပ်အင်္ကျီအဖြူရောင်ကို
နက်တ်တိုင်မပါဘဲဝတ်ဆင်ထား၏။ အလုပ်မှ
ပြန်လာသလိုကုတ်အင်္ကျီနှင့်အတူနက်တ်တိုင်
ကိုအိမ်မှချွတ်ထားခဲ့ပြီးရှပ်အင်္ကျီလည်ပင်းက
ကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားသည့် သူ့
ရဲ့ပုံစံက ခမ်းနား ထည်ဝါမှုတွေမပါဘဲ ကြည့်​
ကောင်းနေလေသည်။

" မ "

" သမီးနဲ့အတူလျှောက်လည်တာပါ "

" ပြန်ရအောင် "

" အင်း "

သူကသမီးကိုတစ်ဖက်မှချီထားရင်းတစ်ဖက်
က သူမပုခုံးကိုဖက်၍အတူ အိမ်ဘက်သို့ ပြန်
လျှောက်လာခဲ့ကြသည်။ သားအမိ သားအဖ
သုံးယောက် ဆင်တူဝတ်ဆင်ထားကာ အလွန်
ကြည့်ကောင်းနေသည်။ အိမ်ပြန်ရောက်တော့
သူမမုန့်အိတ်တွေကိုသိမ်းဆည်းလိုက်ပြီးသမီး
ကိုစာသင်ပေးရန်ပြင်လိုက်သည်။

" မင်းအလုပ်ပြန်မသွားဘူးလား "

" မသွားတော့ဘူး ... ဒီနေ့တစ်နေကုန် မ တို့
သားအမိနဲ့အချိန်ဖြုန်းမလို့လေ "

သူမ သမီးကိုစာသင်ရင်း အင်္ဂလိပ်ပုံပြင်ဖတ်
ပြနေတုန်းသူကသူမဘေးတွင်လာကပ်၍ထိုင်
နေသောကြောင့်သူမမေးလိုက်ခြင်းဖြစ်သည်။
သူကသူမရဲ့ပုခုံးထက်ကဆံနွယ်တွေကိုဆော့
ကစား နမ်းရှိူက်နေသည်။ သူမ နှုတ်ခမ်းလေး
ကိုက်ကာသူ့ကို မျက်စောင်းထိုးလိုက်မိသည်။

ကျွန်မမုန်းတဲ့သူ့ကို (Complate)Where stories live. Discover now