ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၄၀ }
ဇာတ်သိမ်း
အိန်ဂျယ် ငိုပြီးသူ့အရှေ့ကနေပြေးထွက်သွား
လေသည်။ သူထိုနေရာမှာ ဆက်ထိုင်နေရင်းမှ
သူမနှင့် တွေ့ရဖို့ ထပြန်လာခဲ့မိသည်။ သူမကို
ပြန်ရဖို့အတွက်သူဘာမဆိုလုပ်ရန်အဆင်သင့်
ပါ။ သူစံအိမ်ကို ရောက်တော့ မိုးစက်ချိန်း က
ရောက်နေပြန်ပါသည်။ သူအိမ်ထဲသို့ အလော
တကြီးဝင်ခဲ့သည်။" မ "
" မင်းဘာလာလုပ်ပြန်တာလဲ "
" ဦးမိုးစက်ချိန်း ... ကျွန်တော်ခင်ဗျားကိုသတိ
ပေးခဲ့တယ်မဟုတ်လား "" မင်းသူ့ကိုပြောစရာမလိုဘူး ခမ်း ... မင်းသိ
ထားရမှာက ကိုမိုးစက်ချိန်း နဲ့ငါက တစ်ပါတ်
အတွင်းလက်ထပ်တော့မှာ "" ဗျာ ... မ မောင့်ကို ခုနကဘယ်လိုခေါ်လိုက်
တယ် မဟုတ်ဘူး လုံးဝလက်မထပ်ရဘူး ... မ
ရယ် မောင်တောင်းပန်ပါတယ်ဗျာ မ မောင့်ကို
အခုပြောနေတာတွေ အမှန်မဟုတ်ဘူးလို့ပြော
လိုက်ပါဗျာ "" ဆောရီးပဲ မောင် ... ငါဆုံးဖြတ်ပြီးသွားပြီ "
ခမ်း ခြေလှမ်းတွေကအနောက်သို့ယိုင်သွားရ
သည်။ သူမကပြောပြီးသည်နှင့် အိမ်ထဲသို့ဝင်
သွားပြီးတံခါးကိုပိတ်ချလိုက်သည်။ သူအိမ်ပဲ
ပြန်လာခဲ့လိုက်ရသည်။ ထိုနေ့ကစပြီးသူလမ်း
ပေါ်မှာပဲလျှောက်သွားနေမိပြီးအိမ်မပြန်ဖြစ်ခဲ့
ပါလေ။" ပန်သွန်း "
" နောက်မှပြောပါ ကိုမိုးစက်ချိန်း "
" ပန်သွန်း ခဏ ... ပန်သွန်း "
" သမီး ပန်သွန်း "
" ပန်သွန်း တံခါးဖွင့်ပါ ... ပန်သွန်း ကိုယ်ပြော
တာကြားလား "" သမီး ပန်သွန်း ... သမီးလေး "
" ပန်သွန်း တံခါးဖွင့်ပါ "
ပန်သွန်းခ အိမ်ထဲဝင်ခဲ့ပြီး အပေါ်ထပ်သို့ပြေး
တက်ခဲ့ကာအခန်းထဲဝင်၍တံခါးကိုပင်လော့ချ
ပြီးငိုလိုက်မိသည်။ မိုးစက်ချိန်း အနောက်ပြေး
လိုက်ခဲ့ပေမယ့် သူမတံခါးမဖွင့်၍ လက်လျှော့
ပြီးပြန်သွားခဲ့ရသည်။ ခဏလောက်နေတော့မှ
ကြီးရွှေ ကိုသူမ တံခါးသွားဖွင့်ပေးလိုက်မိလေ
သည်။ သူမဆုံးဖြတ်တာမှန်ရဲ့လား။
KAMU SEDANG MEMBACA
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romansaလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...