ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၂၃ }
ပန်သွန်းခ ပရောဂျက်အသစ်အတွက်အစီစဥ်ဆွေးနွေးပြီးသွားမှ သူ့ရုံးခန်းထဲ ဝင်လာခဲ့လေ
သည်။ သူက သမီးကိုပေါင်ပေါ် တင်ထားရင်း
ကသူမကိုမော့ကြည့်လာသည်။ သမီးက သူမ
ကိုလှည့်ကြည့်လာပြီးဂရုမစိုက်သလိုသူ့အဖေ
ဘက်ပြန်လှည့်သွားလေသည်။ သူက သမီးကို
အောက်ချ၍ထရပ်လိုက်သည်။" ခင်ဗျားအရေးကြီးအလုပ်တွေကပြီးသွားပြီ
လား ခင်ဗျားရဲ့အရေးကြီးဧည့်သည်ပြန်သွား
ပြီလား "" မောင် ဘယ်လိုပြောလိုက်တာလဲ "
" သမီးပြန်မယ် "
သူက သမီးကိုခေါ်ပြီး ဘာစကားမှမပြောဘဲ
အရှေ့ကထွက်သွားလေသည်။ သူမအနောက်
ကနေပြေးလိုက်ခဲ့ရသည်။ သူ့လက်ထဲကသူမ
သမီးကိုဆွဲခေါ်ပြီးကောက်ချီကာသူ့ကားပေါ်
ဝင်ထိုင်လိုက်ရသည်။ သူကတစ်လျှောက်လုံး
စကားတစ်ခွန်းမျှမဟလာဘဲတိတ်နေခဲ့သည်။" မောင် "
သူမခေါ်နေသည်ကို သူလှည့်မကြည့်ပါလေ။
ကားကိုသာ အာရုံစိုက်မောင်းနေသည်။ သမီး
ကမုန့်စားနေရင်းသူ့ကို မော့ကြည့်ကာသူမကို
တစ်လှည့်မော့ကြည့်ပါသည်။ သူကားမောင်း
နေ၍ သူမဆက်မပြောတော့ဘဲတိတ်နေလိုက်
မိတော့သည်။ အိမ်ပြန်ရောက်သည်အထိတိုင်
သူမတို့ တိတ်ဆိတ်နေခဲ့ကြလေသည်။ စံအိမ်
ကို ပြန်ရောက်တော့မှ သူကသမီးကို ကြီးရွှေ
လက်ထဲသို့ထည့်ပေးပြီး အခန်းထဲကိုဝင်သွား
သည်။ သူမသူ့အနောက်ကလိုက်ခဲ့ပြီး ရှေ့က
ပိတ်ရပ်လိုက်မိသည်။" မောင် ဘာလို့ဒီလိုပြောတာလဲ "
" ................ "
" မောင် ငါမေးနေတယ်လေ ... ငါ ငါတို့ခဏ
လောက်အေးဆေးစကားပြောကြရင်ကောင်း
မယ် "" ကျုပ်အချိန်မရဘူး ... ခင်ဗျားပြောချင်ရင်နောက်မှပြော "
သူက တစ်ခွန်းပဲပြောလာခဲ့ပြီး ကုဒ်အင်္ကျီနှင့်
နတ်က်တိုင်ကို ချွတ်၍ ပြန်ထွက်သွားလေ၏။
သူမ အခန်းခုတင်ထက် ထိုင်ချလိုက်မိသည်။
သူမထိုင်နေလျှင် အာရုံတွေ လွင့်သောကြောင့်
ညစာကို ကိုယ်တိုင်သွားချက်လိုက်လေသည်။
ပြီးနောက် လန်းဆန်းသွားအောင်ရေချိုးလိုက်
ပြီးသူပြန်ရောက်လာသည်။ မှန်ရှေ့မှာရပ်ရင်း ဆံပင်တွေရှင်းနေတော့သူကလာဖက်ထား၏။
YOU ARE READING
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romanceလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...