Part-5

130 8 2
                                    

Unicode

The Nhaine SS Mall

သွေး ဆိုင်ကယ်ထောက်ပြီး Mallထဲသို့ ဝင်လိုက်သည်။ လိုအပ်တဲ့ ပစ္စည်းတိုင်း ဒီကိုပဲ လာဝယ်နေကျမို့ ပန်းချီပစ္စည်းရောင်းတဲ့ ဆိုင်ကို ခြေလှမ်းဦးတည်လိုက်သည်။

"မဂ်လာပါရှင့်... ဘာဆေးရေးပန်းချီပစ္စည်းတွေများ လိုချင်လို့လဲရှင့်..."

"ဟုတ်.. ကျွန်တော်ကို့ (......)တံဆိပ်နဲ့ ဆေးရောင် အနီရယ်၊အဝါရယ်နဲ့ အနက်ရောင် ဘူးကြီးတစ်ဘူးဆီ ပေးပါဗျ..."

"ဟုတ်ကဲ့ ခဏစောင့်ပေးပါဦးနော်.."

"ဟုတ်ကဲ့ပါဗျ.."

သွေးလည်း ဆေးဘူးများကို ခဏစောင့်ရင်း အပြန် အိမ်မှာ သောက်ဖို့ ဖျော်ရည်ဝယ်ရန် သတိရလိုက်သည်။ တစ်ဆက်တည်း မာလာကှမ်းကောနဲ့ စတော်ဘယ်ရီဖျော်ရည်ပါ သောက်ရန် စဥ်းစားရင်း ဗိုက်ကပါ ဆာလာသည်။

(ငါက တော်တော်ငတ်တာပဲ ဟီးဟီး)

သွေး ကိုယ့်ဟာကို တွေးရင်း စားဖို့ စာရင်းလူပ်ထားလိုက်သည်။

"ဒီမှာ ရပါပြီရှင့်.."

"ဟုတ် အစ်မ ဘယ်လောက်လဲဗျ.."

"15000ပါရှင်"

"ဒီမှာပါဗျ"

"ဟုတ်ကဲ့ ဝယ်ယူအားပေးတဲ့ အတွက် ကျေးဇူးပါရှင်"

ထို ကောင်လေး ထွက်သွားမှ တည်ငြိမ်နေသော ဈေးရောင်းသူမမမှ

"အားးး အဆင်လေး အဆင်လေး ဟဲ့ နင် တွေ့လိုက်လား... အဆင်လေးကို တစ်အားချောတာပဲဟယ်... "

"အေးလို့ တော်တော်ချောတယ်... အရပ်ကြီးကလည်း အမြင့်ကြီးပဲ.... အားး ကြိုက်ချင်စရာကြီး.... ငါ့ကိုသာ လာကြိုက်ရင် ကောင်းမှာပဲဟယ်..."

ဆိုင်တွင်းမှ ဈေးဝယ်မလာသေး၍ ဘေးမှ ထိုင်နေသော အမများထံမှ စကားသံတို့ ပြန်လည်ထွက်ပေါ်လာသည်။

" ဟဲ့ ညည်းတို့တွေ စိတ်ကူးယဥ်မနေနဲ့.... ခုနမြင်လိုက်လား... ဖြူဖြူဖွေးဖွေးလေးလေ... ဖြူဖွေးဟူသည်မှန်သမျှ အကုန်လင်ရမှာ... မှတ်ထား.."

"ဟယ် ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ Fujoshiမရယ်... ငြိမ်ငြိမ်နေလိုက်စမ်း"

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now