Part-22

71 2 0
                                    

Unicode

အောက်ထပ်ကို ရောက်သော်

"ဟင်..."

သျှန်ချီ၏ နှုတ်မှ အာမေဋိတ်သံတစ်သံက ထွက်ပေါ်လာတော့သည်။ အခုရောက်ရှိလာသော နှိုင်းထန်၏ ပုံစံကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။ ဒင်းက ပုဆိုးဝတ်ထားသည်လေ။

ကပြားဆန်သော မျက်နှာနှင့် လိုက်ဖက်သော ပုဆိုးနှင့် စတစ်အက်ျီကို ဝတ်ထားပြီး ထိုင်နေတဲ့ နှိုင်းထန်.. သေ​သေသပ်သပ်ဝတ်ထားတဲ့ မြန်မာဝတ်စုံက ဒီကပြားကောင်လေးနဲ့တော့ သိပ်လိုက်ဖက်လွန်းစွာ။ ထုံးစံအတိုင်း နားနောက်မှ မြင်နေရတဲ့ ကျစ်ဆံမြီးလေးက ပခုံးပေါ် ကျလုကျဆဲ။  ဆံပင်အရောင်ကလည်း ခရမ်းရောင်နှင့် အနက်ရောင်ရောနှောနေတာမို့ မဟာနှိုင်းထန်သည် လူငယ်ဆန်သည့် လူငယ်လေးဖြစ်နေသည်။

အပေါ်က ခုမှရေချိုးကာစ ဆင်းလာတဲ့ သျှန်ချီကို မြင်တော့ နှိုင်းထန်ထရပ်မိသည်။ သို့သော် ပုဆိုးမဝတ်တက်သည့် ကပြားကောင်လေးက အရှက်ကွဲပေသည်။

"ဟိုက်!သေပြီ.."

ဝတ်ထားတာကြာနေတော့ လျော့တိလျော့ရဲဖြစ်နေတဲ့ ပုဆိုးက ကျွတ်ကျသွားသည်။ ခုနက ချောမောနေသော လူငယ်လေးသည် ကုန်းကုန်းကွကွနှင့် ပုဆိုးစကို ကိုင်ထားရသည်။

"ဟင်.."

"ဟမ်.."

လှေကားမှဆင်းလက်စ သျှန်ချီသည် ငေးကောင်းကောင်းနှင့် ငေးနေရင်း ကျွတ်ကျတာကိုပါ တွေ့လိုက်ရတာမို့ လှေကားနှစ်ထစ်ကို ကျော်မိကာ အောက်ကြမ်းပြင်ကို ဟက်ထိုးကြီးပြုတ်ကျလာသည်။ ခပ်လှမ်းလှမ်းအခန်းထဲမှ ထွက်လာသော ဦးဧရာက ပါးစပ်အဟောင်းသား ကြောင်အလျက်။

"ဟို..ဟို..ခုမှ အိမ်က ဝတ်ပေးလာတာမို့..ဟဲဟဲ.."

ထစ်ထစ်အအနဲ့ စကားပြောကာ ပုဆိုးကို ဆုတ်ကိုင်ထားသော နှိုင်းထန်က စပ်ဖြဲဖြဲနှင့် ရယ်ပြသည်။

သျှန်ချီမျက်နှာ မချိုမချဥ်ဖြစ်သွားရသည်။ သျှန်ချီဖေဖေကတော့ ခိုးရယ်နေသည်။

"ဟိုလေ..သွေးလေး ကိုကို ပုဆိုးလေးပြန်ဝတ်ဖို့ နေရာတစ်နေရာလောက် လိုက်ပြပါလား.."

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now