Part-10

109 5 0
                                    

Unicode

နိုင်ငံတကာဆိုင်ရာ တက္ကသိုလ်ကျောင်းကြီး။ နိုင်ငံတကာအစိုးရများမှ ပူးပေါင်းဖွင့်လှစ်ထားသော နာမည်ကြီး တက္ကသိုလ်ကျောင်းကြီးဖြစ်သည်။ ထို့အပြင် သျှန်ချီ ပညာသင်နေတဲ့ ကျောင်းလည်း ဖြစ်သည်။ ယနေ့မနက်ခင်းတော့ သျှန်ချီစိတ်မကြည်ပါ။ မကြည်ဆို မနေ့ညတုန်းက မက်သည့် နွေဦးအိမ်မက်ခေါ် ဟိုလိုလိုဒီလိုလိုအိမ်မက်ကြီးကြောင့် ဖြစ်သည်။

အခုလည်း ကျောင်းထဲဝင်လာရင်း မနက်တုန်းက ဖုန်းဆက်ထားသော ဟိုအကောင်အား စောင့်နေသည်။ သို့သော် ထိုကောင်စုတ်၏ အကျင့်အား သတိရ၍ ခေါင်းယမ်းရင်း ကန်တင်းဘက်သာ ခြေဦးလှည့်လိုက်ရသည်။

သျှန်ချီဝင်လာတော့ ကျောင်းသားများက တစ်ချက်သာလှမ်းကြည့်ပြီး တိတ်ဆိတ်သွားသည်။ သျှန်ချီက လက်သံပြောင်သည်။ ရန်လည်းတစ်ခါတစ်လေဖြစ်သည်မို့ သျှန်ချီအား ကြောက်ကြသည်။ သျှန်ချီသွေးတို့ကတော့ ဂရုကိုမစိုက်။ ကိုယ့်ဟာကို ကန်တင်းရဲ့ အစွန်ဘက်စားပွဲဝိုင်းမှာ ဝင်ထိုင်ရင်း ဟိုကောင်အလာစောင့်ကာ အိမ်မှပါလာသော အသီးဖျော်ရည်အား သောက်နေလိုက်သည်။

"ဟိတ်!!..ထွန်းလင်း..ငါဒီမှာ"

ခဏအကြာ ဖြူဖွေးဖွေးသေးသေးကွေးကွေးကောင်လေးတစ်ယောက် ကန်တင်းထဲ ဝင်လာတာမြင်တော့ သျှန်ချီလက်လှမ်းပြပြီး ခေါ်လိုက်သည်။

"ဟူးးးမောလိုက်တာကွာ.."

"ဖြည်းဖြည်း ကိုယ်တော်မှန်ကြောင်ရေ... "

"သျှန်ချီ..အစုတ်ပလုတ် သူတောင်းစာလေး အဲ့ဒါမင်းမနက်က ငါ့ကို ဒုက္ခပေးလို့လေ...ခါတိုင်းဆို ငါက ပုံမှန် (7)နာရီခွဲထနေကျ။ မင်းက (6)နာရီလာနှိုးတော့ ငါအိပ်ရေးပျက်သွားတာ"

"ဟ (6)နာရီက မိုးလင်းနေပါပြီကွ.."

"မိုးလင်းတာက မင်းလိုစောစောအိပ်တဲ့ကောင်တွေလေ..ငါမှမပါတာ"

ထွန်းလင်းက ကွန်ပျုတာ အကိုင်ကျွမ်းတာမို့ ညဆို တော်ရုံနဲ့ မအိပ် ပုံမှန် (12)ခွဲ(1)ချက်မှ အိပ်တာဖြစ်သည်။

"ဟင်းးး ရှိစေတော့..နောက်ဆိုဘယ်တော့မှ မင်းကို မမေးတော့ဘူး.."

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now