Part-30

118 2 0
                                    

Unicode

လွှမ်းခြုံခဲ့သော မေတ္တာသည် အေးမြသော်လည်း နားလည်မပေးနိုင်ခဲ့သော စိတ်များသည် ထိုလူနှစ်ယောက်အား ပူလောင်စေခဲ့ပါလိမ့်မည်။ တစ်ယောက်ကား နောင်တတရားများနှင့်၊ ကျန်တစ်ယောက်ကား ချစ်ခြင်းများစွာဖြင့်။

**********

**********

("ငါမင်းကို အချစ်နာကျပြီး မစားနိုင်မသောက်နိုင် စိတ်သောကရောက်နေမယ်လို့ ထင်ခဲ့မိတာ..ကြည့်ရတာ ငါရဲ့အထင်အမြင်တွေလွဲမှားသွားပုံရတယ်")

ကုတင်ပေါ်တွင် အေးအေးဆေးဆေး ထိုင်ကာ ရေခဲမုန့်စားနေခဲ့သော နှိုင်းထန်သည် ခနဲ့တဲ့တဲ့စကားကိုဆိုရင်း အခန်းထဲဝင်လာသော အဖိုးဖြစ်သူအား ကြည့်လိုက်မိသည်။

("ထိုင်ပါဦး")

သူ့စကားပင် မဆုံးလိုက်။ Grandpaက ဘေးမှထိုင်ခုံကို ဆွဲယူကာ နှစ်ယောက်သားမျက်နှာချင်းဆိုင်လိုက်သည်။

("အသက် 18နှစ်ကျော်နေတဲ့ အနောက်နိုင်ငံသားတစ်ယောက်ကို အခန်းတံခါးပိတ်ထားပြီး ဘယ်မှသွားခွင့်မပြုတာ တရားတယ်လို့များထင်နေလား Grandpa")

("မတရားလည်း မင်းရဲ့Grandpaငါလုပ်ရင်တော့ တရားတယ်ထင်လိုက်ပေါ့..နောက်ပြီး မင်းမှာအရှေ့တိုင်းသွေးတစ်ဝက်ပါတယ်နော်..မေ့မှာစိုးလို့သတိပေးတာပါ")

("ထားပါ..ကျွန်တော့်ကောင်လေးကိုတောင် ​ရန်ရှာမယ်တွေဘာတွေလုပ်ရလောက်အောင်ထိ ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ")

ကုန်သွားသော ရေခဲမုန့်ဘူးအခွံအား ဘေးကိုချလိုက်ပြီး စီးကရက်တစ်လိပ်ကို ထုတ်ကာ လက်ကြားထဲညှပ်ထားရင်း နှိုင်းထန်ကမေးသည်။ လူးကပ်စ်က ပြုံးနေဆဲဖြစ်သော နှိုင်းထန်ကိုကြည့်ရင်း ရယ်သည်။

("တကယ်ကို ငါ့မြေးပါပဲ..ငါဘာမှမပြောရသေးပဲ လိုချင်တာကို ချက်ချင်းသိနိုင်တယ်..")

("အပိုစကားတွေမပြောစမ်းပါနဲ့..Grandpaက တစ်ခုခုကိုမလိုချင်ပဲ အေးဆေးနေ,နေတဲ့ ကျွန်တော်ကို ဒီလိုတွေလုပ်စရာအကြောင်းမရှိဘူးလေ")

("ငါမင်းကို Englandက နိုင်ငံရေးထဲဝင်ပါစေချင်တယ်")

("ဘာကိစ္စနဲ့ ဝင်ရမှာလဲ")

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now