Part-18

106 2 0
                                    

Unicode

ထွန်းလင်းမှာ ပါးစပ်ထဲမှ ထွက်သွားပြီး မေးတွင် စီးကျနေသော ရေများကို သုတ်လိုက်ကာ အံ့ဩတကြီးဖြစ်နေသည်။ သူက သျှန်ချီလက်မခံလောက်ဘူးလို့ ထင်ထားတာကိုးး။

သို့သော် သူမသိသည်က သျှန်ချီ၏ မျက်နှာချင်းဆိုင်တွင် ညှိုးညှိုးငယ်ငယ်ပုံစံဖြင့် သျှန်ချီ့အား သေချာဂရုတစိုက်ကြည့်ကာ သျှန်ချီမှ မကူညီလျှင် သေရတော့မည့်ပုံပေါက်နေသော မဟာနှိုင်းထန်ကိုပင်ဖြစ်သည််။ နှိုင်းထန်၏ သနားချင်ယောင်ဆောင်သော စကေးဘယ်လောက်ကျွမ်းလည်းဆိုရင် သောက်မြင်ကပ်နေသော သျှန်ချီသွေးပါ သနားသွားရသည်။ ဒါပေါ့ ရင်အခုန်မြန်နေတဲ့ သျှန်ချီ့နှလုံးသားကိုတော့ လျစ်လျုရှူပေးထားကြပါ။

"သျှန်ချီ့ကို တကယ်ကျေးဇူးတင်ပါတယ်နော်.."

"ရပါတယ်ဗျ.."

"ကျေးဇူးပဲ သွေးလေး.."

လေပြည် သျှန်ချီအား ကျေးဇူးတင်စကားပြောလိုက်တော့ နှိုင်းထန်က ခုန်ပျံကျော်လွှားကာ သျှန်ချီ့ဘေးသို့ ပြောင်းထိုင်လိုက်ရင်း လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ ကျေးဇူးတင်စကားပြောတော့သည်။ ထွန်းလင်းကတော့ ပါးစပ်အဟောင်းသား။

"နေ..နေပါဦး..ခင်..ခင်ဗျား သူငယ်ချင်းတွေရော မရှိဘူးလား..သူတို့က ဘယ်ရောက်သွားလဲ.."

နောက်ဆုံး ဒီတိုင်းကြည့်မနေနိုင်တော့သော ထွန်းလင်းက နှိုင်းထန်ဆုပ်ကိုင်ထားသော သျှန်ချီ့လက်တွေကို ပြန်လည်ဆွဲယူလိုကိပြီး မဟာနှိုင်းထန်ကို မကြည်ကြည့် ကြည့်ပေးလိုက်ကာ မေးလိုက်သည်။

(ငါ့သူငယ်ချင်းကိုများ ပိုင်စိုးပိုင်နင်းနဲ့..ရာရာစစ လက်ကို ဆွဲရတယ်လို့..)

"ဪ ငါ့သူငယ်ချင်းလား..ငါသူငယ်ချင်းက အလုပ်မအားဘူးလေ..အခု အလုပ်ကိစ္စနဲ့ ခရီးသွားနေတယ်.."

"တစ်ခြားသူငယ်ချင်းတွေရော ဘယ်သွားလို့လဲ.."

သူဒီတိုင်းတော့ လက်မလျှော့နိုင်။ သျှန်ချီကို့ သူ့ကိုလတ်ကသာ ရောင်စားရင်ရောင်းစားလိမ့်မည်။ ထွန်းလင်းတိုင်းပြည်ကတော့ ဘယ်တော့မှရောင်းမစားဘူးကွ။ ထွန်းလင်းသူကိုယ့်သူ အားပြန်တင်းကာ ထပ်မေးလိုက်ပါသည်။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now