Part-7

117 6 2
                                    

Unicode

သျှန်ချီ အိမ်၏ ဘေးတွင် ဆိုင်ကယ်ကို ရပ်လိုက်ပြီး ဘေးမှ ဝယ်လာသော ပစ္စည်းများကို သယ်ကာ အိမ်ထဲသို့ တန်းဝင်သွားလိုက်သည်။ မျက်နှာအမူအရာမှာလည်း တည်တင်းနေပြီး ဒေါသထွက်နေဟန်ရှိသည်။ အိမ်တော်ထိန်းကြီးမှာလည်း မရှိ။ ဖေဖေကလည်း အလုပ်ခန်းထဲတွင် အလုပ်လုပ်နေပုံရသည်။ စိတ်တိုတိုဖြင့် အခန်းထဲသာ တန်းဝင်သွားလိုက်ပြီး လော့ချလိုက်သည်။ ထို့နောက် အခန်းထဲ အတန်ကြာ ရပ်နေပြီးမှ

"အားးးးးးးး"

အသံလုံသော အခန်းမို့ ဘယ်သူမှ မကြားနိုင်တာကြောင့် ဒေါသထွက်စွာ အော်ပစ်လိုက်သည်။ သျှန်ချီတော်တော် ဒေါသထွက်နေပါသည်။ ဟုတ်သည်လေ သူရဲ့ ပါးတစ်ဖက်ကို သူခွင့်ပြုချက်မရှိပဲ ယူသွားသော ထိုလူကို သုံးချက်ပဲ ထိုးခဲ့တာတောင် နောင်တရနေသည်။

"ငါ ိုးမသားကြီး ဒီထက်ပိုပြီး ထိုးခဲ့ရမှာ သူတောင်းစားကြီး တောက်.."

တွေးနေရင်း ဒီထက်ပိုပြီး ဒေါသထွက်ဖို့ပဲ ကှိမည်မို့ ရေချိုးဖို့သာ ပြင်လိုက်ရသည်။ စားဖို့ ဝယ်ဖို့ပြင်ထားတဲ့ စတော်ဘယ်ရီဖျော်ရည်နဲ့ မာလာရှမ်းကောကိုပါ ခုမှ သတိရလာသည်။

သျှန်ချီမျက်နှာမဲ့မဲ့ဖြင့် ကြမ်းပြင်မှာချထားသော ဆေးရောင်ပစ္စည်းများအား ယူကာ ဘေးနားမှ စာကြည့်စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် သူရေချိုးဖို့ပြင်လိုက်သည်။

မိနစ်အနည်းငယ်အကြာ

ရေချိုးခန်းထဲမှ ထွက်လာသော ဖြူဖွေးဖွေးကိုယ်လေးသည် ဗီရိုအနီးသို့ တိုးသွားပြီး ဖွင့်လိုက်သည်။ ဗီရိုထဲမှ တွေ့လိုက်ရသည်က အနက်ရောင်၊အနီရောင်နှင့် ခရမ်းရောင် အဝတ်အစားများနှင့် အရောင်ခပ်မှိုင်းမှိုင်းအဝတ်များကိုသာ တွေ့ရသည်။

ထို့နောက် ခရမ်းရောင် အက်ျီနှင့် အနီရောင်ဘောင်းဘီတိုလေးမှာ သျှန်ချီ၏လက်ထဲ ပါသွားသည်။ ရေစက်လက်ကျနေသော ခေါင်းအား ပဝါဖြင့် သုတ်ပစ်ပြီး ဘီးဖြင့် သေသေသပ်သပ်ဖြီးလိုက်သည်။ ပြီးတော့ အဝတ်များကို ဝတ်လိုက်တော့သည်။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now