Part-11

108 5 0
                                    

Unicode

'မွ'

'ခွမ်း'

"အားးး"

"သေပါပြီ gayကြီးဟ"

"အမယ်လေး ရှပါပြီ"

"ဟာ သူက ငါတို့လိုပဲဟ"

သျှန်ချီနဖူးထက်မှ ထွက်ပေါ်လာသော အသံကြောင့် ကန်တင်းတစ်ခုလုံး ဗြောင်းဆန်သွားလေသည်။ အစစ်မများ၏ ရှသံများ၊ Fujoshi မမများ၏ အားရသံများ၊ ukeလေးများ၏ အားမလိုအားမရသံများ၊ တစ်အံ့တစ်ဩဖြစ်နေသောကောင်လေးများ၏ အသံများ၊ ခွက်၊ပန်းကန်များ ကျကွဲသော အသံများ စုံလို့ပင်။

သျှန်ချီကတော့ ကြောင်ပြန်ပြီလေ။

(ငါဘယ်ရောက်နေတာလဲ...ငါဘာလုပ်နေတာလဲ...ငါဘယ်သူလဲ...ငါနမ်းခံလိုက်ရတာလား...ငါကို ဘယ်သူက နမ်းတာလဲ...ဘာလို့ နမ်းတာလဲ...ငါကောင်းကင်ဘုံရောက်သွားပြီလား...ငါကုသိုလ်တွေလုပ်ထားရဲ့လား...နိဗ္ဗာန်ပဲ တန်းရောက်သွားသလား...)

အတွေးများးဖြင့်  ပတ်လည်ရှုပ်နေသော သျှန်ချီကို ကြည့်ပြီး နှိုင်းထန်ကတော့ ပြုံးပြုံးလေးဖြင့် မျက်နှာချင်းဆိုင်ထိုင်ခုံပေါ် ဝင်ထိုင်ရင်း မေးထောက်ကြည့်နေလေသည်။ မကြာပါ။ သူ့နှာခေါင်းကိုလည်း လက်ညိုးနဲ့ လက်မဖြင့် ဖြစ်ညှစ်လိုက်ပြီး သျှန်ချီကို ဆက်ကြည့်နေပြန်သည်။ သျှန်ချီကတော့ ခုထိ အတွေးတွေထဲ မျှောနေလျက်။ သို့သော် အတွေးတွေထဲ မျှောနေသော သျှန်ချီကို ပြန်ခေါ်ပေးနိုင်သော စကားတစ်ခွန်းကို ထွန်းလင်းက ပြောလိုက်သည်။

"တစ်ခါမှ အနမ်းမခံရဖူးတဲ့ Faမှန်းသိသာလိုက်တာ.."

သျှန်ချီ အဲ့ဒီစကားကြားမှ လူနဲ့ အသိစိတ်ကပ်တော့သည်။

"ထွန်းလင်းတိုင်းပြည်...သူတောင်းစား ပါးစပ်ကိုပိတ်ထား.."

သျှန်ချီသွားများကြားမှ လေတိုးသံလောက်ဖြင့် အံကြိတ်ပြီး သတိပေးလိုက်သည်။ သျှန်ချီသတိမထားမိတာက သူ့မျက်နှာချင်းဆိုင်မှ ထလာပြီး သူနားကပ်လာသော မဟာနှိုင်းထန်ကို ဖြစ်သည်။

"သွေးစက်လေး ခေါ် ကိုကို့ဂျယ်လီတုံးလေး အခု အသိစိတ်ကပ်သွားပြီလား.."

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now