Part-12

112 3 0
                                    

Unicode

သျှန်ချီ ကန်တင်းကို မသွားတော့ပဲ စာသင်ခန်းထဲသာ တန်းဝင်လာလိုက်တော့သည်။ ထွန်းလင်းကတော့ ကြိုတင်ရောက်နေလျက်သာ။ သျှန်ချီဝင်လာတော့ လူထက် သတင်းက ကြိုတင်ရောက်နေပြီဖြစ်သဖြင့် သျှန်ချီသွေးတစ်ယောက် ကန်တင်းမှာ ကိုလူချောတစ်ယောက်နမ်းတာခံခဲ့ရတယ်ဆိုတာကို အတန်းထဲမှ လူများက သိနေကြသောကြောင့် လှမ်းကြည့်ကြသည်။ အကြည့်တွေကားအမျိုးမျိုးပင်။ တစ်ချို့က ဝမ်းသာအားရအကြည့်။ တစ်ချို့က မနာလိုသော အကြည့်။ တစ်ချို့က ကျေနပ်နေသော အကြည့်။ တစ်ချို့က ရွံ့ရှာနေသော အကြည့်။

သျှန်ချီတို့ကတော့ ဂရုကိုမစိုက်ပင်။ သူတို့ဘာသာ ဘာဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်တာမို့ ထိုသို့စပ်စုနေကြသော လူများကို အရေးပင်မလုပ်ပဲ ထွန်းလင်းထိုင်နေသော နောက်ဆုံးခုံကိုသာ သွားလိုက်သည်။

"အဟေးဟေးးး..သျှန်ချီလေးတစ်ယောက် ဘယ်လိုတွေ ဖြစ်လာပြီလဲ.."

"တောက် အကောင်စုတ် ငါဒီမှာ စိတ်ညစ်လာတာနော်"

သျှန်ချီ ခုံပေါ်ဝင်ထိုင်လိုက်တာနဲ့ ထွန်းလင်းက စသည်။ စိတ်ညစ်လာသည်ဟူသော သျှန်ချီက စိတ်ညစ်နေခြင်းနဲ့မတူ။ တစ်စုံတစ်ရာကို တွေဝေမိန်းမောနေခြင်းသာ။

"သျှန်ချီ..သူက ဘာတွေ ပြောလို့လဲ.."

ထွန်းလင်းအသံကား လေးနက်တည်ကြည်သွားလေသည်။

"ဘာမှ...ဘာမှမဟုတ်ပါဘူး ရုတ်တရက်ကြီး ငါ့ဘဝအကြောင်းကို တွေးမိလိုက်လို့ပါ.."

"သျှန်ချီ...မင်းကို ဦးလေးဧရာနဲ့ ဦးလေးဝေးတို့က မွေးစားခဲ့ပေမယ့် ငါတို့က မင်းကို တကယ့်မိသားစုဝင်စစ်စစ်လို သဘောထားခဲ့တာနော်...နောက်ပြီး ငါက မင်းရဲ့ သူငယ်ချင်းလည်း ဟုတ်သလို..မင်းရဲ့ညီအစ်ကိုဝမ်းကွဲ...မင်းရဲ့ တိုင်ပင်ဆွေးနွေးဖော်သူငယ်ချင်းနော်...ဒါကြောင့် မင်းရင်ဖွင့်ချင်လာတိုင်း..တိုင်ပင်ဆွေးနွေးချင်လာတိုင်း..ငါနဲ့ မင်းရဲ့ မိသားစုက အမြဲတမ်းရှိနေပေးမယ်ကွာ.."

"အင်းပါ ကျေးဇူးပဲ ထွန်းလင်း.. ငါပြောချင်လာရင် ပြောပြပါမယ်.."

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now