Part-8

113 7 0
                                    

Unicode

"ဟေ့ကောင် မအေဘေး ပြောဦးဟ"

ပျံလွှား အသံထပ်ပေးလိုက်မှ နှိုင်းထန် အတွေးထဲမှ ရုန်းထွက်လိုက်မိသည်။ ပျံလွှားအား တစ်ချက်ကြည့်ရင်း

"မင်း ယုံနိုင်လား...အဲ့ကောင်လေးက အခုကစပြီး ငါ့အပိုင်ပဲ"

"ဘာ!."

"ဟုတ်တယ် သူကို ငါ့အပိုင်ဖြစ်အောင် မလုပ်ဘူး.. ဘာလို့လဲဆိုတော့ သူနဲ့ငါ စတွေ့လိုက်ကတည်းက သူက ငါ့အပိုင်မို့"

"မင်းက မင်းကိုမင်း ယုံကြည်ချက်တွေ ပြင်းထန်လွန်းနေတယ်နော်.. "

"မဖြစ်နိုင်ဘူး မင်းသိလား.. ငါက သူ့ရဲ့ ခရမ်းရောင်မျက်ဝန်းတစ်ချက်မှာတင် ကျဆုံးသွားခဲ့လို့... နောက်ပြီး ငါသေသေချာချာသိတယ်..တစ်နေ့မှာ သူက ငါ့အပိုင်ဖြစ်ကို ဖြစ်လာလိမ့်မယ်.."

"အဟက် စောင့်ကြည့်ရသေးတာပေါ့.. လောလောဆယ်တော့ (၁၉)နှစ်လုံးလုံး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မချစ်ခဲ့တဲ့ Faကောင်ကြီး ရည်းစားရတော့မယ့် အထိမ်းအမှတ်အနေနဲ့ ချီးယားစ်"

"ဟားဟား အေးပါကွာ..ဒါနဲ့ မင်း မစိုးရိမ်ဘူးလား မင်းကောင်လေးမသိအောင် ခိုးလာတာ မိသွားတာနော်"

"စိတ်ပူနေလည်း အလကားပဲကွာ.. မိပြီးမှတော့ အပြစ်ကို အဆုံးထိ ချိုးဖောက်ရမှာပေါ့"

"ဪ အဲ့လိုပေါ့ အ​ပြစ်လုပ်တာ မိသွားခဲ့ရင် အဆုံးထိ ချိုးဖောက်ရမယ်ပေါ့.."

ပျံလွှားကတော့ ခေါင်းတစ်ဆက်ဆက်လုပ်ကာ တွေးနေသော နှိုင်းထန်အား ကြည့်ရင်း အရက်ဆက်သောက်နေသည်။ နှိုင်းထန်ကတော့ တွေးနေဆဲ တွေးနေမြဲ။

အချိန်အနည်းငယ်ကြာပြီးနောက်

"ပျံလွှား"

နှိုင်းထန်ဘက်မှ အရက်သောက်နေသော ပျံလွှားအား စတင်ခေါ်လိုက်သည်။

"ပြော.. "

နေပျံလွှားကတော့ ခေါင်းကို ဆတ်ပြီး ပြောလိုက်သည်။

"ငါမေးစရာရှိလို့"

"မေးလေ ငါဖြေနိုင်တာဆို ဖြေပေးမယ်.."

"ဒီနိုင်ငံရဲ့ Top 1 to 5 သူဋ္ဌေးတွေ အကြောင်း ငါကို ပြောပြ.."

ပျံလွှား ဖန်ခွက်ထဲမှ အရက်တို့အား လက်စဖြတ်ရင်း

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now