Part-14

76 2 0
                                    

Unicode

"ဂျယ်လီတုံးလေးး ဟေးးး ဘာဖြစ်သွားတာလဲ.."

နှိုင်းထန် ဟိုဘက်မှ တိတ်ဆိတ်သွားသော အခြေအနေကို နားစွင့်ရင်း ကြိတ်ရယ်နေမိသည်။

(အဟားး တော်တော်ရှက်တက်တဲ့ ကောင်လေးပဲ)

"ခင်..ခင်ဗျား ကျွန်တော်ကို ဂျယ်လီတုံးလေးလို မခေါ်နဲ့.."

"ဟောဗျာ ဟုတ်ပါပြီ ဟုတ်ပါပြီ မခေါ်တော့ပါဘူး..သွေးစက်လေး၊သွေးလေးလို့ ခေါ်မယ်လေ..နော်~~"

သိသိသာသာကြီး စကားလမ်းကြောင်းလွှဲသွားသော ထိုကောင်လေးကြောင့် နှိုင်းထန်မှာ အကြင်နာပိုစွာ လိုက်ပြောပေးရတော့သည်။

"ခင်ဗျား တော်တော်ဆိုးပါလား..ငါ ိုး"

"အာ ကိုကိုက နှစ်ယောက်တည်းရှိချိန်ဆိုရင်တော့ ဂျယ်လီတုံးလေးလို ခေါ်မှာနော်.."

"သူတောင်းစားကြီးး ခေါ်ချင်သလိုသာခေါ်တော့.. တောက်.."

"အဟက်...."

အဆဲသန်လှသော ထိုကောင်လေးကြောင့် တော်ရုံတန်ရုံမပြုံးတက်သော နှိုင်းထန်နှုတ်ခမ်းပါးတို့မှာ ခဏခဏရယ်မိလာလေသည်။ တကယ်ကို ဂျယ်လီတုံးလေးက မဟာနှိုင်းထန်ရင်ဘတ်ထဲမှ အားဆေးလေးပင်။

"ဒါနဲ့ ကိုကို့ဂျယ်လီတုံးလေးက အသီးတွေ တစ်အားကြိုက်တယ်မလား "

"အင်း ကြိုက်တယ်လေ အသီးတွေက ဘာအသီးနေနေ အရမ်းအရသာရှိတာ စားလို့ကို ကောင်းနေတာပဲ.."

အစားအသံကြားတော့ မြူးသွားသော ထိုကောင်လေးကြောင့် နှိုင်းထန် မျက်ခုံးများပင့်သွားရသည်။

"အိုးး ဟုတ်ပါပြီ ဟုတ်ပါပြီ..အဲ့ဒါဆို မနက်ကျ ဂျယ်လီတုံးလေးအတွက် လက်ဆောင်ရှိတယ် ..စောင့်ကြည့်နေနော် .."

" အမ်..အင်းပါ အင်းပါ ဒါနဲ့​ နေပါဦး ကျွန်တော် ခင်ဗျားကို မေးပါဦးမယ်..ဘာလို့ ကျွန်တော့်ကို ဂျယ်လီတုံးလေးလို ခေါ်တာလဲ.."

"အွန်......."

နှိုင်းထန် သံရှည်စွဲလိုက်သည်။ ထိုကောင်လေးတော်တော်စိတ်ဝင်စားနေပုံရပါသည်။

"တကယ်သိချင်တာလား.."

"အင်းး တကယ်သိချင်လို့ မေးတာပေါ့.."

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now