Part-16

106 4 0
                                    

Unicode

"ရားး ဒီလူကြီး...တောက်..ဒေါသထွက်လိုက်တာကွာ.."

သျှန်ချီ ပန်းအိုးကို ကိုင်ရင်း ပါးစပ်မှ အော်ဆဲကတာကို အားမရလို့ ထပ်မံပြောလိုက်မိသည်။ သျှန်ချီခမျာ့ ပထမဆုံး ပန်းအပေးခံရတာမို့ ကြည်နူးမယ့်ကြံသေး..ထိုလူပေးသော စာကိုဖတ်ကာ ပန်းအရေအတွက်အား ရေတွက်မိလိုက်မှ ဒေါသက ထွက်လာရသည်။ စာထဲတွင် ပါသည်က

"ဂျယ်လီတုံးလေးရေ ပန်းလေးတွေကို ရေတွက်ကြည့်နော်..အဲ့ဒီပန်းအရေအတွက်က ကိုကို မင်းကို ဖြစ်စေချင်တာပဲ.."

သျှန်ချီ စာကို ပြန်ကြည့်မိကာ အသက်ရှုနှုန်းတွေပါ တစ်ရှုးရှုးတစ်ရှဲရှဲဖြင့် ဒေါသက ပြန်ထွက်လာသည်။ (၁၇)ပွင့်။ နှင်းဆီပန်း အရေအတွက် (၁၇)ပွင့်က  " မင်းက ကိုယ့်ဇနီးလေးပဲ.."ဆိုတာကို ညွှန်းဆိုတာဖြစ်သည်။

(​မြေနိုးမှ မဟာနှိုင်းထန်... ီးလိုပဲ..ငါများ သူဇနီးလေးဘာလေးနဲ့..တောက်..)

သျှန်ချီ ဒေါသထွက်နေတုန်း ကြောက်ခမန်းလိလိ အသံတစ်ခုထွက်ပေါ်လာသည်။

"သျှန်ချီသွေး.!!"

"ဟိုက်!!သွားပြီ..ဒယ်ဒီကယ်ပါ.."

ထိုအသံကြားမှ ထွက်နေသော ဒေါသများမှာလည်း ကြက်ပျောက်၊ငှက်ပျောက် ပျောက်သွားချေတော့သည်။ ခေါင်းလေးကို ဖြည်းဖြည်းချင်း အနောက်သို့ လှည့်လိုက်ပြီး ဖေဖေ့အား မျက်နှာချိုသွေးပြသည့်အနေဖြင့် ဟီးခနဲ ရယ်ပြလိုက်ရသည်။

"မင်း ခုနက ဘာပြောလိုက်တာလဲ.."

"ဘာ..ဘာမှပြောပါဘူး ဖေဖေရ.."

"ဟန့် ငါများလာလိမ်နေသေးတယ်..မင်းအသံကြီးကျယ်လွန်းလို့ ထမင်းစားခန်းထဲက မင်းဒယ်ဒီနဲ့ ငါတောင် ကြားနေရတာ..ဘာကို မပြောပါဘူးလဲ.."

"ဖေဖေကလည်း..လူငယ်ပဲကို..တစ်ခါတစ်လေတော့ ဆဲမိမှာပေါ့.."

သျှန်ချီ သူအဖေ့အား နည်းနည်းလေး ခုခံပြောဆိုလိုက်သည်။ ဘယ်နှယ့် မဟာနှိုင်းထန် ဆိုတဲ့ လူကြီးကို ဒေါသဖြစ်စွာဖြင့် အော်ဆဲလိုက်မိတာ.ထမင်းစားခန်းထဲက ဒယ်ဒီနဲ့ ဖေဖေက ကြားသွားပုံရပါသည်။ သျှန်ချီလေး မနောစက်စက်၊မနက်စောစော အဆူခံထိရပေတော့မည်။ မြိုင်ရာဇာတွတ်ပီလို ပြောရလျှင်ဖြင့် သျှန်ချီသွေး ယနေ့ကံမကောင်းပါပေါ့။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now