Part-26

62 4 2
                                    

Unicode

နေသာကာ ကြည်ရှင်းတောက်ပနေသော မနက်ခင်းလေးတစ်ခု။

လေဝင်လေထွက်ကောင်းမွန်ပြီး နေရောင်ခြည်၏ ကောင်းချီးများ မှိန်ဖျဖျလေးကျရောက်နေသော အခန်းတွင် ကောင်လေးတစ်ယောက်ရှိနေသည်။

Laptopတစ်လုံးကို ပေါင်ပေါ်တင်ကာ လက်မှတစ်တောက်တောက်နှိပ်ရင်း ထိုကောင်လေးသည် Laptopထဲ ဈာန်ဝင်နေပုံရသည်။

"ဟူးးမောလိုက်တာကွာ..ခုထိတစ်ဝက်ကြီးများတောင်ကျန်သေးတယ်"

ပါးစပ်မှ တီးတိုးရေရွတ်ရင်း ပြောလိုက်သူက မဟာနှိုင်းထန်ပင်။ နှိုင်းထန်သည် သျှန်ချီိကို လွမ်းရသော အလုပ်ကိုသာလျှင် လုပ်ချင်သော်လည်း အနည်းငယ်သော အလုပ်များက သူကိုချုပ်နှောင်ထားသည်မို့ လုပ်နေရခြင်းဖြစ်သည်။

ကြီးကြီးကျယ်ကျယ်စကားဖြင့်သာ အလုပ်လုပ်နေသည်ဆိုသော်လည်း တကယ်တမ်းက ကြီးကြီးမားမားအလုပ်မဟုတ်ပေ။ သူ့နာမည်ဖြင့် ပိုင်ဆိုင်ထားသော companyတစ်ချို့မှ အလုပ်များကိုသာ ကြည့်ရှုပေးနေရခြင်းဖြစ်သည်။ ထိုအလုပ်များကပြီးသွားပြီဖြစ်သည်။ အခုကျန်ရှိနေသေးသည်က ဒီနိုင်ငံမှအလုပ်များဖြစ်သည်။

အသက်(19)နှစ်အရွယ်သာရှိသေးသည်မို့ နှိုင်းထန် အလုပ်မလုပ်ချင်သေးပါ။

သို့သော်ကိုယ့်စကားနဲ့ကိုယ် မြန်မာကိုလာချင်ဇောဖြင့် ဖခင်ဖြစ်သူ၏ လုပ်ငန်းများကို လေ့လာသည်ဟုပြောလိုက်သည်ကတစ်ကြောင်း သူတာဝန်ခံမည်ဟု ပြောလိုက်သည်က တစ်ကြောင်း၊ စသောအကြောင်းကြောင်းများကြောင့်  အလုပ်မလုပ်ချင်သော (19)နှစ်သမားသည် အလုပ်လုပ်နေရပြီဖြစ်သည်။

Laptopကို ပိတ်လိုက်ပြီး နှိုင်းထန်သည် ကော်ဖီသောက်ရန် ထမင်းစားခန်းထဲဝင်ခဲ့လိုက်သည်။

အထဲတွင် ကြိုရောက်နေသည်က ဦးငယ်။

နှိုင်းထန်သည် လေပြည်အားတစ်ချက်ကြည့်ကာ ဘာမှတော့မပြော။ လေပြည်ကသာ စကားစရသည်။

"နှိုင်းထန်..ဘာလာလုပ်တာလဲ..ဒီထဲ"

"ကော်ဖီလာဖျော်တာသောက်ချင်လို့"

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now