Part-23

76 5 0
                                    

Unicode

"နေပါဦး..နေပါဦး..ဘာပြောတယ်..ကျွန်တော်ကို ဘုရားလိုက်ပို့ခိုင်းမလို့ ဟုတ်လား.."

"အင်းလေ..ဘာဖြစ်လို့လဲ..သွေးလေးက လိုက်မပို့ချင်ဘူးလား.."

"ခင်ဗျားသူငယ်ချင်းတွေဘာတွေမရှိဘူးလား..သူတို့ကို လိုက်ပို့ခိုင်းလေ.."

"ပထမတစ်ချက်.."

"စလာပြန်ပြီဒီအချက်တွေ.."

"အဟမ်း..သွေးလေး..ကိုကို့စကားကိုဖြတ်မပြောနဲ့.."

"ပြောမှာပဲ..ပြောတော့ဘာဖြစ်လဲ.."

သျှန်ချီမှာ ဒေါသထွက်ထွက်ဖြင့် ပါးစပ်ဖြင့်ပြောရုံတင်မကပဲ လက်ကပါ လက်ခလည်ထောင်ပြလိုက်သည်။ နှိုင်းထန်၏ မျက်နှာက တည်တင်းနေတာမို့ စိတ်ထဲ နည်းနည်းလန့်သွားရသည်။ သို့သော် ဟန်မပျက် မျက်နှာက မော့ချီထားသေးသည်။

"သွေးလေး..ကိုကိုကို့ ဘုရားလိုက်ပို့.."

ပြောရင်းနှိုင်းထန် ရှေ့ကို ခြေတစ်လှမ်းတိုးလာသည်။

"no~~"

"ဘာလို့လဲ.."

ပြောရင်းဖြင့် ဖြည်းဖြည်းချင်း သျှန်ချီဆီသို့ တိုးကပ်လာသည်။ သျှန်ချီသတိမထားမိ။

"မပို့ချင်လို့.."

"မရဘူး..ဂျယ်လီလေး ကိုကိုကို့ လိုက်ပို့ကိုပို့ရမှာ.."

"ဟ မပို့ချင်ပါဘူးဆို.ခင်ဗျားသူငယ်ချင်းတွေဘာတွေကို ပို့ခိုင်းပါဆို.."

"ပထမတစ်ချက်.."

"စလာပြန်ပြီ..ဒီ..ဘုရား!!"

သျှန်ချီပါးစပ်မှ ဘုရားအသံထွက်လာသည်။ ရှေ့က အစ်ကိုကြီးက သူ့ကို စွေ့ခနဲ ကောက်ပွေ့ချီကာ ခါးကို ခွတင်ပေးထားသည်။ သျှန်ချီလည်း ယောကျာ်းသားတစ်ယောက်ဖြစ်သည်မို့ အလေးချိန်ကပေါ့မည်မဟုတ်။

ထို့နောက် သျှန်ချီ၏ မျက်နှာတစ်ပြင်လုံး အနမ်းပေးခြင်းခံလိုက်ရတော့သည်။ ဟိုနေရာနမ်းလိုက်၊ဒီနေရာနမ်းလိုက်ဖြင့် သျှန်ချီတားချိန်ကိုမရ။

"အား...မဟာနှိုင်းထန်..ခင်ဗျား..အွန့်..ခင်ဗျားရပ်လိုက်..ဖယ်..ဖယ်.."

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now