Part-29

46 0 0
                                    

Unicode

"ငါ့ကိုပေး..အင့်..ငါလိုချင်တယ်"

နှိုင်းထန် ကြောင်အစွာ​ဖြင့် မလှုပ်မိတော့။

သွေးလေးသည် သူ(နှိုင်းထန်)၏တစ်ကိုယ်လုံးအား ပွတ်သပ်နေခဲ့သည်။ လက်များက လည်ပင်းအနီးတစ်ဝိုက်ကို ပွတ်သပ်ရင်း ဂုတ်ပိုးကိုလည်း ဖိပွတ်နေပြီး ခြေထောက်များကလည်း အငြိမ်မနေ။

(သွေးလေးဘာဖြစ်နေတာလဲ)

နှိုင်းထန် တွေးနိုင်သလောက်တွေးကြည့်သော်လည်း သူ၏စိတ်ထဲ ဆေးမိတာမှတစ်ပါး တစ်ခြားဖြစ်နိုင်ချေမရှိတော့။

နှိုင်းထန် သူနှင့် ပူးကပ်နေသော သွေးလေးကို အတင်းဆွဲခွာရင်း ပခုံးနှစ်ဖက်ကို မြဲမြဲမြံမြံဆုပ်ကိုင်ကာ ရီဝေဝေဖြစ်လျက်ရှိသော မျက်လုံးများကို တည့်တည့်ကြည့်သည်။

"သွေးလေး အခုကိုယ်ကဘယ်သူလဲ"

"အင်း~~"

သွေးသည် ပြန်မဖြေပါ။ အားမလိုအားမရဖြစ်စွာဖြင့် သူ့ကိုယ်သူ့ပြန်ပွတ်သပ်နေရင်း မျက်ဝန်းများကိုလည်း မှိတ်ထားပြန်သ​ည်။

အမြဲတစေ ပြုံးနေခဲ့သော မဟာနှိုင်းထန်၏ မျက်နှာသည် အခုတွင်တော့ ခက်ထန်နေခဲ့သည်။ သူသွေး၏ ပခုံးအား အားဖြင့် ဖြစ်ညှစ်လိုက်ပြီး ထပ်မေးလိုက်သည်။

"သျှန်ချီသွေး!!ငါဘယ်သူလဲဆိုတာ မင်းသိလား"

"အင်း ခင်ဗျား..မဟာနှိုင်းထန်..စောက်ရူးကောင်..စောက်ကျက်သရေတုံး..သူတောင်းစား.."

"အင်း ကိုယ်က မဟာနှိုင်းထန်..မင်းအခုဘာတွေဖြစ်....."

နာမည်နောက်မှပါလာသော အဆဲစကားလုံးများအား လျစ်လျူရှု့ကာ မေးလိုက်သော်လည်း နှိုင်းထန်စကား မဆုံးလိုက်။ သျှန်ချီ၏ မျက်နှာသည် နီရဲလာပြီး မျက်ခုံးများတွန့်ချိုးသွားခဲ့သည်။

သူ့ရှေ့မှ ရှိနေသော ကောင်လေး၏ ရင်ဘတ်မှ တက်တူးလိုလို စကြာသဏ္ဍာန်နှင့် ဆူးခက်နွယ်များကလည်း လင်းလက်နေသလို သူ၏ဂုတ်ပိုးမှနာကျင်မှုသည်လည်း ပို၍ တိုးလာနေသည်။

"အားးးလိုချင်တယ်..ပေး..ငါကိုပေး.."

သျှန်ချီအဆုံးထိ ထိန်းချုပ်ထားခဲ့ရသောစိတ်သည် လွတ်ထွက်သွားပြီဖြစ်သည်။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now