Part-19

100 4 0
                                    

Unicode

ထိုနေ့တစ်နေ့လုံး ရန်ကုန်တစ်ခွင် ပြဲပြဲစင်အောင်၊ခြေရာချင်းထပ်အောင် သျှန်ချီတို့ ပတ်ခဲ့ကြသည်။ ပြုံးပျော်နေတဲ့ ကိုလတ်တို့ လင်မယားရော၊ နှာဘူးမျက်လုံးနဲ့ လာကြည့်နေတဲ့ မဟာနှိုင်းထန်ရော၊ နေရင်းထိုင်ရင်း ကိုလတ်တို့ခွေးစာအကျွေးခံနေရတာမို့ ရည်းစားမရှိလို့ ကြေကွဲနေတဲ့ ထွန်းလင်းရော သျှန်ချီမျက်လုံးထဲ လှနေကြသည်။ လှမှာကိုးး ကိုလတ်ခင်ပွန်းက သျှန်ချီကြိုက်သော ကားတစ်စီးအား လက်ဆောင်ပေးခဲ့တာမို့။ ထွန်းလင်းကိုလည်း နောက်ဆုံးပေါ်Laptopဝယ်ပေးတာမို့ ခပ်လှမ်းလှမ်းမှာ Laptopအိတ်လေးပိုက်ပြီး လိုက်လာရှာသည်။ သို့သော် သျှန်ချီမသိသည်က သူ့ကို ဝယ်ပေးလိုက်သော ကားသည် နှိုင်းထန်၏ ပိုက်ဆံများနှင့် ဖြစ်နေသည်ကိုပင်။ ယခုလောက်ဆို ကားလေးက သျှန်ချီ၏ အိမ်သို့ ရောက်နေလောက်ပြီပင်။

အခုနေရာကတော့ အေးအေးချမ်းချမ်း လမ်းလျှောက်လို့ကောင်းတဲ့ နေရာလေးဖြစ်သည်။ ထွန်းလင်းလည်း နေရာလေးအား သေသေချာချာရွေးပေးထားသည်။ စားထားသမျှ အစာကြေအောင် လမ်းလျှောက်ပေးကြရင်း ရှေ့ဆုံးက မရီးနဲ့ ကိုလတ်တို့က ချီတက်သွားကြတော့သည်။ ကိုလတ်မျက်နှာမှာလည်း maskတပ်ထားသေးသည်။ နောက်မှ သျှန်ချီနှင့် နှိုင်းထန်က တစ်တွဲဖြစ်သွားပြီး ခပ်လှမ်းလှမ်းမှ ထွန်းလင်းက သူရဲ့ laptopအိတ်လေးအား ရင်ခွင်ပိုက်ကာ ဟိုဟိုဒီဒီ ငေးကြည့်နေသည်။

နှိုင်းထန် ဘေးတိုက်မြင်နေရသော မျက်နှာလေးအား ခိုးမကြည့်တော့ပဲ ပေါ်ပေါ်ထင်ထင် ငေးစိုက်ကြည့်ရင်း လမ်းလျှောက်လာသည်။ သျှန်ချီကတော့ အိမ်တွင် ရောက်နှင့်နေမည့် ကားလေးအား တွေးနေရင်း မျက်နှာဝယ် အပြုံးပန်းများ ဆင်နေသည်။ ထိုမျက်နှာလေးအား တစ်စိမ့်စိမ့်ကြည့်ရင်း နှိုင်းထန် သူ၏ မျက်လုံးများအား အဝေးသို့ ပို့လိုက်ကာ ပြုံးလိုက်သည်။ တကယ်ကို သူ့ရဲ့ သွေးလေးအကြိုက်က ကားတွေဖြစ်နေတာ။

သျှန်ချီ အတွေးများအား ခဏရပ်တန့်ကာ ရှေ့မှ လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသော ကိုလတ်တို့ ခင်ပွန်းနှစ်​ယောက်အား ကြည့်လိုက်မိသည်။ ထို့နောက် ဘေးတွင် အဝေးသို့ လှမ်းကြည့်ကာ ပြုံးနေသော နှိုင်းထန်ကိုလည်း ခိုးကြညိ့လိုက်မိသည်။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now