Part-15

76 3 0
                                    

Unicode

ကျသွားသော ဖုန်းကို ကြည့်ရင်း သျှန်ချီ ငိုင်နေမိသည်။ တကယ်ဆို တွေ့တာနှစ်ခါပဲ ရှိသေးသော ထိုလူက သျှန်ချီတို့လို မှော်ပညာများ ရှိနေသလား..ထိုသူက သျှန်ချီ့ကို အတွေးတွေထဲ ပါလာအောင်ကို စွဲလန်းစေလွန်းသည်။

"သျှန်ချီသွေး မင်းကိုယ်မင်း ကိုယ့်အခြေအနေကို သိစမ်း..သူနဲ့ မင်းနဲ့က ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ..မင်းက တစ်ချိန်ကျရင်...တစ်ချိန်ချိန်ကျရင်.."

သျှန်ချီ မျက်လုံးများကို မှိတ်လိုက်မိသည်။ မျက်ရည်စီးကြောင်းများက ပါးပေါ်သို့ တစ်လိမ့်ချင်းစီးကျလာသည်။ ကိုယ့်ဘဝကိုပဲ အပြစ်တင်ရမလား...အမျက်ကြီးခဲ့တဲ့ ထိုဘုရင်ကိုပဲ အပြစ်တင်ရမလား...ချစ်မိခဲ့တဲ့ ရှေးတုန်းက မိဖုရားကိုပဲ အပြစ်တင်ရမလား ...အချစ်ကို ကိုးကွယ်ခဲ့တဲ့ မင်းသမီးကိုပဲ အပြစ်တင်ရမလား... လာပက်သက်နေသော နှိုင်းထန်ဆိုသည့် လူကိုပဲ အပြစ်တင်ရမလား..မဖြစ်နိုင်မှန်းသိသိရက်နဲ့ ဇွတ်အတင်းတိုးဝင်ချင်နေတဲ့ သူ့နှလုံးသားနဲ့ ဦးနှောက်ကိုပဲ အပြစ်တင်ရမလား..မသိတော့။

"Good nightပါ ကိုကို ကျွန်တော် အရာအားလုံးကို မေ့ထားပြီး လက်ရှိပစ္စုပ္ပန်မှာပဲ ခဏလောက် ပျော်မွေ့ချင်တယ်.."

သျှန်ချီ အိပ်ရာထဲ တိုးဝှေ့ဝင်ရင်း အိပ်ပျော်အောင် မရမက အိပ်ပစ်လိုက်သည်။ မကြာခင် အသက်ရှုသံမှန်မှန်ဖြင့် ကောင်လေးမှာ အိပ်ပျော်သွားလေသည်။

ထိုအချိန်တွင် သျှန်ချီ၏ ရင်ဘတ်မှ မွေးရာပါအမှတ်မှာ အရောင်များ လင်းလက်လာပြီး စကြသဏ္ဍာန်အမှတ်၏ ဘေးတွင် ဆူးခတ်နွယ်လေးများ ရှည်လျားတိုးထွက်လာသည်။ ဤသည်ကို  သျှန်ချီ မသိလိုက်။ ဟိုးတစ်နေရာ၌ အိပ်ပျော်နေသော နှိုင်းထန်ဂုတ်ပိုးမှလည်း သျှန်ချီရင်ဘတ်မှ အမှတ်နှင့် ပုံစံတူ စကြာအမှတ်လေး ထွက်ပေါ်လာတာကိုလည်း နှိုင်းထန်မသိလိုက်။

တစ်နေရာစီ လူချင်းဝေးကာ အိပ်ပျော်နေကြသော ကောင်လေးနှစ်ယောက်မှာ နှလုံးသားချငိးကတော့ ထပ်တူကျလျက်ပင်။

*****************

*****************

'တီ တီ တီ..တီ တီ တီ..'

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now