Part-1

391 19 2
                                    

Unicode

ဟိုးနာဂတောင်တန်းထဲမှ စုရုံးနေထိုင်ကြသော ထူးဆန်းလှသည့် မျိုးနွယ်စုတစ်စု။ ညအချိန်အခါဖြစ်သော်လည်း တန်ဆောင်းမုန်းလပြည့်နေ့ညမို့ နက္ခတ်တာရာများ စုံလင်ပြီး လမင်းကြီးက ဝင်းထိန်လျက်။ ပန်းရနံ့တို့မှာလည်း သင်းပျံ့လျက်။

သို့သော် ထိုညက မျိုးနွယ်စုလေး၏ နှစ်ပေါင်းများစွာက အကြောင်းတရားတို့ ပြန်လည်ဖြစ်တည်လာခဲ့လေသည်။

"မေခါး.. ကြိုးစားထား ကလေးက ထွက်လာတော့မယ် မေခါး ညှစ်ထားနော် မေခါး"

"အားးး မရ...မရတော့ဘူး အစ်မနန်း အင်းး အစ်..အစ်ကိုစွေ့သာရော အားးး"

မွေးဖွားဖို့ နီးနေသော အမျိုးသမီးလေးမှာ ချွေးပေါက်ပေါက်ကျလျက် အံကို တင်းတင်းကြိတ်ကာ အားစိုက်ရင်း သူမ၏ အမျိုးသားဖြစ်သူအား မေးမြန်းလိုက်သည်။

"စွေ့သာ ပြန်လာတော့မှာပါ ညီမလေးရယ် သူအခု ဆေးပင်သွားရှာတယ်လေ မေခါးအတွက်လေ သိတယ်မလား မကြာခင် ပြန်လာတော့မှာပါ နော် မေခါးလေးက စွေ့သာအတွက် ချစ်စရာကောင်းတဲ့ ကလေးလေး မွေးပေးရဦးမှာလေ"

နွန်နန်းမှာ မေခါးသတိမထားမိအောင် အသံအား ထိန်းပြောလျက် မွေးကာနီးနေသော မေခါးအား အားပေးစကားပြောလိုက်ရသည်။ မေခါးသာ စွေ့သာ ဆေးပင်ရှာရင်း တောင်စောင်းပေါ်က ပြုတ်ကျပြီး ဆုံးသွားမှန်းသာ သိရင် ဗိုက်ထဲက ကလေးပါ တစ်ခုခုဖြစ်သွားနိုင်သည်အထိ ထိတ်လန့်သွားပေလိမ့်မည်။

မွေးခါနီး ဖွားခါနီး သွေးလန့်တက်သည့် မီးနေသည်မို့ ပြောပြလို့လည်းမရ။ ဘေးမှ ကူညီလုပ်ကိုင်ပေးရန် လာရောက်ကြသော အမျိုးသမီးတို့မှာလည်း နှာတစ်ရှုံရှုံဖြင့် ကြိတ်ငိုနေကြသည်။

"အစ်..အစ်မနန်း ကျွန်မ သ..သိတယ် ကျွန်..ကျွန်မ မ..မရတော့ဘူး အားး ကျွန်...ကျွန်မ ဒီကလေးကို .. အစ်... အစ်ကို.. စွေ့သာဆီမှာပဲ အပ်...အပ်ထားခဲ့တော့မယ်နော် ကလေးလေးရေ....မေ..မေ..တောင်းပန်ပါတယ်..အားးးး"

"အူဝဲ.. အူဝဲ..အဲ့.. "

ကလေးလေးမှာ လူ့လောကအား ကြိုဆိုနေချိန်မှာ  မိခင်ဖြစ်သူ မေခါးမှာတော့ အသက်ရှုသံများ ရပ်တန့်သွားပြီဖြစ်သည်။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now