Part-25

87 3 0
                                    

Unicode

The Golden Mountain Hall
(ရွှေတောင်ကြီးခန်းမ)

ခမ်းနားထည်ဝါပြီး လှပသော အဆင့်မြင့် ခန်းမကျယ်ကြီးတစ်ခု။

ခန်းမကြီးသည် လှပပြီး ကြီးကျယ်သော်လည်း နာမည်ကဖြင့်တော့ မလှပရှာ။ မြန်မာဆန်ဆန် တည့်တိုးဆန်လွန်းသည်။

ခန်းမကြီးကို သဘောကျကြသော်လည်း နာမည်ကိုတော့ဖြင့် ကြားရုံနှင့်တင် မျက်နှာများ ရှုံ့မဲ့သွားတက်ကြသည်။ နောက်တော့ ဘယ်သူမှ Englishလို ခေါ်မနေတော့။ ခပ်လွယ်လွယ်ပင် မြန်မာမှုပြုကာ 'ရွှေတောင်ကြီး' လို့ပင် ခေါ်ကြသည်။

ထိုနာမည်ကို ပေးခဲ့သူကတော့ ဦးထွန်းလင်းရောင်ပင်ဖြစ်သည်။ ဒီခန်းမအား ရွှေတောင်ကြီးခန်းမဟု အမည်ပေးကတည်းမှ လူအပေါင်းတို့သည် သမ္မတ၏ အမည်ပေးစကေးအား သိရှိသွားကြခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး၌ သမ္မတပေးထားသော နာမည်နှင့် နေရာနှစ်နေရာသာ ရှိသည်။

တစ်ခုက ရွှေတောင်ကြီးခန်းမ၊ ကျန်တစ်ခုက အားကစားကွင်း။ အားကစားပြိုင်ပွဲများအတွက် တည်ဆောက်ထားသော ကွင်းကျယ်ကြီးပင်ဖြစ်သည်။

ယခု ရွှေတောင်ကြီးခန်းမ၏ ဝန်ထမ်းများသည် အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး လုပ်စရာရှိသည့် အလုပ်များကို ခပ်သွက်သွက်ကလေး ပြုလုပ်နေကြသည်။ ယနေ့တွင် ကြီးမားလှသော မိသားစုကြီးနှစ်စုမှ လူပုဂ္ဂိုလ်များ ရောက်ရှိနေကြသည်ဖြစ်သောကြောင့်။

ရွှေတောင်ကြီး၏ VVIP Roomခန်းတစ်ခုတွင်တော့ ဝန်ထမ်းများပြောနေကြသည့် မိသားစုကြီးနှစ်စုမှ တစ်ချို့သော လူများရောက်ရှိနေကြသည်။

ကျယ်ဝန်းသော အခန်းထဲတွင် ကျယ်ပြန့်သော သစ်သားစားပွဲရှည်ကြီးရှိကာ ထိုအပေါ်တွင် အရည်ရွှမ်းကာ အရောင်အသွေးစုံလင်လှသော သစ်သီးမျိုးစုံအား ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် စားချင်စဖွယ်ဖြစ်အောင် တည်ခင်းထားသည်။ ဘေးပတ်ပတ်လည်တွင် လှပကာ မွှေးပျံ့လှသော ပန်းလေးများကို လှလှပပလေး ထိုးထားသော ပန်းအိုးရှည်ရှည်သွယ်သွယ်လေးများကိုလည်း အခန်းထဲတွင် နေရာချထားသေးသည်။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now