Part-27

47 0 0
                                    

Unicode

ခရစ်ယာန်ဘုရားကျောင်းတစ်ခုထဲ သူရောက်နေခဲ့သည်။ Sunday မို့ထင်သည်။ လူများစည်ကားနေပြီး ဓမ္မတေးများသီဆိုနေသံကိုလည်း ကြားနေရသည်။ ရှေ့မှဖာသာကလည်း ဆုတောင်းပြုနေခဲ့သည်။ နှိုင်းထန် နောက်ဆုံးခုံတွင် ထိုင်နေရင်းဖြင့် ရှေ့မှ သခင်​ယေရှု၏ မျက်နှာတော်ကို ငေးမောစိုက်ကြည့်နေခဲ့သည်။

ခဏအကြာ နှိုင်းထန်ထိုင်နေရာမှ ထလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ သူအထဲမှာထိုင်နေခဲ့တာ တော်တော်ကြာနေပြီမလား။

'Buzz...Buzz..'

အိတ်ထောင်ထဲမှ အသံကြောင့် ဖုန်းကို ကြည့်မိတော့ ပေါ်လာသော နာမည်ကြောင့် ကျစ်ခနဲစုတ်သပ်မိလိုက်သည်။

"hello"

"hello..n-ကိုကြီး..n-ကိုကြီးကို သတင်းကော်ပြောစရာရှိတယ်.."

"လေ့စ်..n-ကိုကြီးမဟုတ်ဘူး..အစ်-ကို-ကြီး..နားလည်လား..နောက်ပြီး သတင်းကော်က ဘာပြောတာလဲကွာ"

နှိုင်းထန်ဖုန်းကိုင်ရင်း ဘေးမှထိုင်ခုံပေါ်တွင် ထိုင်လိုက်ရင်း သူ၏ ဝမ်းကွဲညီအားပြောလိုက်ရသည်။

"ဪ..n-ကိုကြီးမဟုတ်ဘူးပေါ့..ok..ok..အယ်ကိုကြီး..ငါနားလည်ပြီ..သတင်းကော်ဆိုတာ good newကို ပြောတာလေကွာ"

"အင်းပါ..အင်းပါ..အယ်ကိုကြီးဆိုတော့လည်း အယ်ကိုကြီးပဲ ထားလိုက်..good newက သတင်းကော်မဟုတ်ပါဘူး..သတင်းကောင်းပါကွာ"

"ဟုတ်ပြီဟုတ်ပြီ..အဲ့သတင်းကောင်းပဲပြောမှာ"

"အင်းပြော"

"အခု ငါ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်နေတယ်"

"ဟမ်"

"အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်နေတယ်ပြောတာ"

"ဘယ်က အပြည်ပြည်ဆိုင်ရာလေဆိပ်လဲ"

"နေဦး..နေဦး..အင်းးဟုတ်တယ်..မြန်မာက အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ"

"ဘာ!"

အေးအေးလူလူထိုင်နေခဲ့သော နှိုင်းထန်သည် အလန့်တကြားမတ်တပ်ထရပ်လိုက်မိသည်။

(ဒီခွေးကောင်လေး..ဘယ်လိုဖြစ်ပြီး)

"မင်းဘယ်ကိုရောက်နေတာ?? ပြန်ပြောစမ်း"

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now