Part-4

150 8 2
                                    

Unicode

"ဟားးးးး"

နှိုင်းထန် ဒယ်ဒီနဲ့ စကားပြောပြီး စံအိမ်ထဲ ဝင်လာတော့ ပြန်ဝတ်ထားသည့် Mask ကို အခန်းထဲ ရောက်မှ ဆွဲချွတ်ပြီး ပါးစပ်မှ သက်ပြင်းအရှည်ကြီး အသံထွက်ချလိုက်သည်။ ထို့နောက် တပ်ထားသော နေကာမျက်မှန်ကိုပါ ချွတ်လိုက်တော့ တစ်ဖက်နှင့်တစ်ဖက် အရောင်မတူသော စူးရှလှသော မျက်ဝန်းလှလှလေးတစ်စုံ ထွက်ပေါ်လာသည်။ တစ်ဖက်က ရွှေရောင်၊ တစ်ဖက်က အနက်ရောင်ဖြင့် ထူးကဲလျက်။ ထိုမျက်ဝန်းများက လှပသော်လည်း ကြာကြာကြည့်မိသူတိုင်း အကြောက်တရားများ ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားစေနိုင်သည်အထိ နက်ရှိုင်းတောက်ပလှသည်။

"အဟက်"

နှိုင်းထန် မှန်ထဲမှ ကိုယ့်ပုံရိပ်ကို ကြည့်မိရင်း အသံထွက်ရယ်လိုက်မိသည်။ ကပြားဖြစ်တာကြောင့် ရုပ်ရည်မှာ အနောက်တိုင်းလည်းမဆန်၊ မြန်မာရုပ်လည်း သိပ်မထွက်ပေ။ ရုတ်တရက် သေချာမကြည့်ရင်တော့ မြန်မာဆန်ပေမယ့် သေသေချာချာ ကြည့်လျှင်တော့ ကပြားမှန်း သိသာသည်။ ထူးခြားသည်က မျက်လုံးအကောင်မှာ မာမီ၏ ရွှေရောင်မျက်လုံးတစ်ဖက်ဖြစ်နေခြင်း။ တစ်ဖက်က ပုံမှန် အနက်ရောင်မျက်ဆံဖြစ်ပေမယ့် ကျန်တစ်ဖက်ကတော့ အနောက်တိုင်းသားတွေလို   ရွှေရောင်မျက်ဆံနှင့် ဖြစ်နေသည်။

ထိုနိုင်ငံရောက်သွားသည့်အခါ  ကပြားဖြစ်နေ၍ သူကို့ မနှစ်သက်ကြတဲ့ တော်ဝင်မိသားစုများက သူ့(နှိုင်းထန်)ကို မကောင်းဆိုးဝါးဟု ပြောတာကို ခံခဲ့ရသည်။ ထိုအချိန်က စပြီး နှိုင်းထန် မျက်ကပ်မှန်တပ်ခဲ့ခြင်း။ Uncle Johnကတော့ ဘယ်လိုမှ မနေခဲ့။ မြင်မြင်ချင်းကို သူ့အား ထူးကဲတဲ့ ကောင်လေးပဲလို့ ပြောခဲ့တာကို မှတ်မိသေးသည်။

နှိုင်းထန် ခေါင်းကို ခါရမ်းလိုက်ပြီး ရေချိုးရန် ပြင်ဆင်လိုက်သည်။ အရင်ဆုံး ဝတ်ရမည့် အဝတ်အစားများကို ကြိုရွေးလိုက်သည်။ နှိုင်းထန် အိပ်ရာပေါ် ပစ်ချထားတဲ့ ကျောပိုးအိတ်ကို ဆွဲယူလိုက်ပြီး ပါလာသော အဝတ်အစားကို ထုန်လိုက်သည်။ အနက်ရောင်အက်ျီနှင့် အနီရောင် ဘောင်းဘီရှည်။ ထို့နောက် Black card များ။ အဝတ်အစားက ဒီရောက်မှ ဝယ်မယ်ဆိုပြီး နှစ်စုံသာ ထည့်လာခဲ့သည်မို့ လောလောဆယ် ဒါပဲ ဝန်ရမည်ဖြစ်သည်။ ခေါင်းလည်း နောက်ချင်သလိုမို့ ခေါင်းလျှော်ရန်ပါ ဆုံးဖြတ်လိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားတော့သည်။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now