Part-28

70 1 0
                                    

Unicode

ညနေခင်း ခုနှစ်နာရီ။

ဆောင်းရာသီထဲ ဝင်တော့မည့်အချိန်မို့ ညတာက ရှည်လာသည်ထင်။ ခုနှစ်နာရီပင်ဖြစ်သော်လည်း မှောင်ရီပျိုးစဖြစ်လာသည်။

သို့သော် ထိုညအမှောင်သည် Hotelအကြီးစား၏ ပတ်ဝန်းကျင်တွင်တော့ အသုံးမဝင်တော့။ နေ့ခင်းအလားထင်မှတ်ရလောက်အောင် လျှပ်စစ်မီးရောင်များ ထင်းလင်းနေသည်။ အတွင်းတွင်လည်း ခမ်းနားဖွယ်ကောင်းအောင် ပြင်ဆင်ထားပြီး တူညီဝတ်စုံများဖြင့် ဝန်ထမ်းများက  လှုပ်ရှားသွားလာနေကြသည်။

အပြင်တွင်လည်း ကားပေါင်းစုံက ဝင်ထွက်သွားလာနေကြပြီး စည်ကားသိုက်မြိုက်နေခဲ့သည်။

"မုန်တိုင်း မင်းဒီလောက်ကြီးထိ စီးပွားရေးသောင်းကျန်းရလား ဟမ်"

"အဖေကလည်းဗျာ"

"အဖေတွေအမေတွေလုပ်မနေနဲ့..မင်းငါ့ကို တော်တော်ကို စိတ်ညစ်အောင်လုပ်တက်တာပဲ..ငါ့မှာတော့ ဒီသားလေးက စီးပွားရေးတွေစိတ်ဝင်စားတယ်ဆိုပြီး အောက်မေ့နေတာ..ဒီလောက်ကြီးကတော့ မလွန်လွန်းဘူးလား ဟမ်"

ဦးနှိုင်းထန် သူရှေ့မှ ရှိနေသော သားကြီးကို ဖိဆူနေသည်။ သူ၏ပြီးဆုံးသွားသော မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ်ပြုလုပ်ပြီး တမင်သက်သက် ပွဲလမ်းသဘင်ရှာကာ စီးပွားရေးချဲ့ထွင်နေသော သားဖြစ်သူကို ကြည့်ရင်း ဘာဆက်ပြောရမှန်းကို မသိတော့။

သူက အသက်ကြီးပြီမို့ အေးအေးလူလူနေချင်သော်လည်း သားဖြစ်သူကောင်းမှုအကြောင်းပြုကာ အခုတော့ လူတွေတစ်ရုန်းရုန်းနှင့် နေရဦးမည်။ သူ့အား ကပ်ဖားရပ်ဖားလုပ်မည့်လူများကိုလည်း ရှောင်ရရှားရဦးမည်။

"မုန်တိုင်းနှိုင်းထန်!!မင်းကြပ်ကြပ်သတိထားနေ"

ထိုစကားတစ်ခွန်းသာပြောထွက်ပြီး ဦးနှိုင်းထန် သူ၏တောင်ဝှေးအား ထောက်ကာထောက်ကာ အပြင်ထွက်သွားတော့သည်။ သူ၏ ချစ်လှစွာသော သားဖြစ်သူကတော့ သူ၏စကားများအား ဘယ်ဘက်နားမှသွင်းကာ ညာဘက်နားမှပြန်ထုတ်လိုက်သည်ကိုတော့ သူမသ်ိတော့။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now