Part-13

92 2 0
                                    

Unicode

'တူ.....တူ...တူ...'(ဖုန်းဝင်သံ)

"Hello.."

"Hello.. မဂ်လာညချမ်းပါ မစ္စတာလောရယ်"

"အင်းး ငါ့Grandpaရဲ့ အခြေအနေ ဘယ်လိုရှိလဲ.."

အေးချမ်းသည်ဟု ဆို၍ ရသော ညချမ်းဝယ် မဟာနှိုင်းထန် လက်ကြားမှ ဆေးလိပ်၏ အငွေ့တောက်လောင်နေမှုကို ကြည့်ရင်း တစ်ဖက်ရှိလူအား မေးလိုက်သည်။ သူ့အသံမှာ အေးစက်မာကြောလျက်။ ရွှေရောင်တစ်ဖက်၊အနက်ရောင်တစ်ဖက် မျက်ဝန်းငယ်များမှာ စူးရှကာ မြေခွေးတစ်ကောင်လို အကြံအစည်များ ပြည့်နှက်နေလျက်ပင်။

"မစ္စတာလူးကပ်စ်က အခုလောလောဆယ် ငြိမ်နေပါတယ်..ဒါပေမယ့် မကြာခင်အချိန်အတွင်းမှာ မြန်မာနိုင်ငံဆီကို သူလျှိုတစ်ယောက်လွှတ်မယ်လို့ ထင်ရပါတယ်.. နောက်ပြီး သူက ဒုဝန်ကြီးချုပ်နဲ့ ခန့်မှန်းမရတဲ့ ဆက်ဆံရေးတစ်မျိုးကို တည်ဆောက်ဖို့ လုပ်နေတယ်လို့ ထင်ပါတယ်.."

"Oh!!..ဟုတ်ပြီလေ..ဒါပေမယ့် သူက ဘာကိစ္စနဲ့ ဒုဝန်ကြီးချုပ်နဲ့ ပက်သက်နေမယ်ထင်လဲ...ဆက်စုံစမ်းပါ ငါ့ရဲ့ Grandpaအကြောင်း ငါကောင်းကောင်းသိတယ်..သူရဲ့ အကျိုးအမြတ်မရပဲနဲ့ ဘာတစ်ခုမှ သူအလကားမလုပ်ဘူး.."

"ဟုတ်ကဲ့ပါ မစ္စတာလောရယ်.."

"အင်း..ဒါဆို ဒီလောက်ပဲ.."

"ဟုတ်ကဲ့ ကောင်းသောညချမ်းပါ မစ္စတာလောရယ်.."

နှိုင်းထန် ဆေးလိပ်ကို ကုန်အောင် ရှိုက်ဖွာလိုက်ရင်း ပြုလုပ်ရမည့် အစီအစဥ်များအား ကြိုတင်တွေးတောနေသည်။  သူ့Grandpaမသိအောင် ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်။ သို့သော် သိချိန်နောက်ကျသွားအောင်တော့ လုပ်လို့ရသည်။

နှိုင်းထန်၏ လက်ချောင်းများက ဖုန်းပေါ်မှ ခလုတ်တစ်ချို့ဆီ ပြေးလွှားသွားပြီး အစီအစဥ်တစ်ချို့ကို ညွှန်ကြားနေသည်။

အရင်းပဲ ကျန်သော ဆေးလိပ်ကိုလည်း မီးသတ်ပြီး အခန်းထောင့်မှ အမှိုက်ပှုံးထဲကို ပစ်ထည့်လိုက်သည်။ ထို့နောက် အိပ်ရာပေါ် ပစ်လှဲလိုက်ပြီး အသက်ကို ဖြည်းဖြည်းချင်းရှုပြီး ခဏ လှဲနေလိုက်သည်။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now