Part-17

93 1 0
                                    

Unicode

နှိုင်းထန် မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ သိပ်လှသော ခရမ်းရောင်နှင်းဆီခင်းကြားထဲ ရောက်နေတာကို တွေ့လိုက်ရသည်။

"ကိုကို.."

​ ​နောက်ဘက်မှ တိုးညှင်းကာ ညင်သာပြီး သူကြားချင်နေသော အသံချိုချိုလေးအား နှိုင်းထန် ကြားလိုက်ရပြီး ခေါင်းကို လှည့်ကြည့်မိတော့ သူတွေ့မြင်ချင်နေသော မျက်နှာနုနုလေးအား မြင်လိုက်ရသည်။ မျက်နှာလေးက နူးညံ့ကာ ပြုံးနေသည်။  နှိုင်းထန်လည်း ထိုကောင်လေးကို ကြည့်ကာ တစ်ချက်ပြုံးလိုက်ပြီး သျှန်ချီ့လက်ကို ဆွဲလိုက်ရန် ပြင်လိုက်တော့..

"ဟားဟား မဟာနှိုင်းထန် မိပြီကွ.."

သူ၏ တစ်သက်မမေ့နိုင်သော ဦးငယ်၏ အသံကို ကြားလိုက်ရပြီးနောက်

'ဘုန်း..'

"အ့.."

နှိုင်းထန် နာသွားသော ခါးအား ပွတ်သပ်ကာ ကြမ်းပြင်ပေါ်မှ ထလိုက်သည်။ ထို့နောက် သူ့ကို အိပ်ရာပေါ်မှ ကန်ချရဲသော၊ သူရဲ့ လှပသော အိမ်မက်လှလှလေးအားဖျက်ဆီးရဲသော သူကို ကြည့်လိုက်မိသည်။ ထိုလူက အေးအေးဆေးဆေးဖြင့် နှိုင်းထန်ကုတင်အစွန်းဖျားတွင် လက်ပိုက်ကာ ထိုင်နေလျက်ရှိသည်။ ထိုလူ့မျက်နှာကို မြင်တော့ နှိုင်းထန်ထွက်နေသော ဒေါသများအား အနည်းငယ်လျှော့ချလိုက်ကာ

"ဦးငယ်.."

"Good morningပါ တူလေး..အိမ်မက်ထဲမှာ မျောနေပုံရတယ်နော်..အိပ်နေတာများ သုံးခွန်းလောက်နှိုးတာတောင် မထဘူး.."

"အဲ့ဒါနဲ့ပဲ ကျွန်တော်ကို့ ကုတင်ပေါ်က တွန်းချတယ်ပေါ့.."

"တွန်းချတယ်လို့လည်း မဟုတ်ပါဘူး..နှိုးရခက်လို့ နည်းလမ်းပြောင်းနှိုးကြည့်တာပါ.."

"......."

"နှိုးနည်းက အသုံးဝင်သားပဲ..ကြည့်ပါလား မင်းတောင် ချက်ချင်းနိုးသွားတယ်လေ.."

ထိုသို့ဘုကန့်လန့်ပြောနေသော သူမှာ မဟာနှိုင်းထန်၏ နှစ်ယောက်မရှိသော ဦးငယ်ပင်ဖြစ်သည်။ ဦးငယ်က နှိုင်းထန်ဖခင် ဦးမုန်တိုင်းနှင့် (၁၃)နှစ်ကွာပြီး မွေးလာသော ဒယ်ဒီ့ညီဖြစ်သည်။ ဦးငယ်အသက် (၂၆)နှစ်မှာတင် အမေရိကန်မှာ ဦးငယ်က သူတို့ နှိုင်းထန် မိသားစုဝင်များအား ဘာတစ်ခုမှ အသိမပေးပါပဲ သူ့ချစ်သူဖြစ်သော ကားမောင်းသမား တိုင်းပြည်ထိပ်စည်းနှင့် လူသိရှင်ကြား လက်ထပ်ခဲ့သည်။ နှိုင်းထန်မိသားစုဝင်များကြား တော်တော်ပွက်လောရိုက်ခဲ့သော ကိစ္စကြီးပါပေ။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now