Part-9

110 5 0
                                    

Unicode

နောက်တစ်နေ့မနက်ခင်း

"အင်းးး"

မျက်နှာပေါ်သို့ ပြေးလွှားနေသော လက်ချောင်းများကြောင့် သျှန်ချီ ပါးစပ်မှ ညီးတွားရင်း မျက်လုံးများကို ဖွင့်လိုက်သည်။ မြင်လိုက်ရသော လူကြောင့် မှေးချင်ချင်ဖြစ်နေသော မျက်လုံးများ အဆုံးစွန် ပြူးကျယ်သွားရသည်။

"အဟက် နိုးလာပြီလား သွေးလေး"

"ဟို..ဟိုလူ ခင်...ခင်ဗျား ဘယ်လိုလုပ်ပြီး ကျွန့်တော့အခန်း..ပြီးတော့ ကျွန်တော်အိပ်ရာပေါ်ပါ ရောက်နေတာတုန်း.."

"ဘယ်လိုရောက်တာလဲဆိုတာ အရေးမကြီးပါဘူး..အရေးကြီးတာက ဘာကြောင့် ရောက်နေတာလဲဆိုတာပဲ.."

"ခင်..ခင်ဗျား အ..အက်ျီလည်း မ...မဝတ်ထားဘူး..ဘာ..ဘာလုပ်မလို့လဲဟင်.."

ထိုလူ့စကားကြားမှ သူ့ခန္ဓာကိုယ်အား ဝေ့ဝိုက်ကြည့်မိတော့ အပေါ်ပိုင်းက ဘာမှမဝတ်ထား..ထိုပုံစံကြီးဖြင့် သျှန်ချီ့အိပ်ရာပေါ် ရောက်နေတာကြောင့် ဘယ်လိုရောက်လာလဲကို မတွေးမိတော့..ဘာလုပ်ဖို့ရောက်လာလဲသာ တွေးမိတော့သည်။

(ဝါးး six packကြီးတွေနဲ့ မိုက်လိုက်တာ...မှောင်မိုက်တဲ့ အတွေးတွေကို ရပ်လိုက်စမ်း သျှန်ချီသွေး..ဒါက ဒီလိုတွေးနေရမယ့်အချိန်လား..အပေါ်အက်ျီမပါပဲနဲ့ ကိုယ့်ကိုနမ်းသွားဖူးတဲ့ လူက ကိုယ်အိပ်ရာပေါ်ရောက်နေတာကိုလေ)

သျှန်ချီ ကိုယ့်အတွေးတွေနဲ့ကိုယ် မှောင်မိုက်နေချိန် ထိုလူကတော့ သျှန်ချီ့အား မေးထောက်ပြီးတော့ကို ကြည့်နေသည်။

"ကိုယ်က သွေးလေးနဲ့အတူ ပျော်စရာတွေ..လုပ်မလို့ ရောက်လာတာလေ"

"ဟင်"

သျှန်ချီကြောင်အသွားပြီး ခန္ဓာကိုယ်ပါ တောင့်တောင့်ကြီးဖြစ်သွားတော့သည်။ ထိုလူမျက်နှာကသျှန်ချီ့မျက်နှာနား ပို၍ ပို၍ နီးကပ်လာပြီး

"ခင်ဗျား...

'အွန့်..ပြွတ်စ်..ပြွတ်စ်..'

သျှန်ချီ စကားပင်မဆုံးလိုက်..ထိုလူကို သျှန်ချီ့ကို အားရပါးရ​ကြီးကို နမ်းနေပါသည်။ သျှန်ချီတော်တော်ကို လန့်နေပါသည်။ နောက်ပြီး ဒီလူအနမ်းစကေးက သျှန်ချီကိုယ်တိုင်မငြင်းဆန်နိုင်လောက်အောင် ကျွမ်းကျင်လွန်းလှသည်။ ထိုလူလက်များက တစ်ဖြည်းဖြည်း သျှန်ချီအက်ျီအောက်ထဲ တိုးဝင်လာပြီး..

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now