Part-6

150 7 0
                                    

Unicode

"ဟေ့လူ ဟေ့...ဟေ့လူ ကြားရလား ဟယ်လို~~"

ရှေ့မှ သွေးကို သေသေချာချာ စိုက်ကြည့်ရင်း ကြောင်အနေသော ထိုလူရှေ့ လက်ကို ဝှေ့ရမ်းလိုက်ပြီး ခေါ်လိုက်မိသည်။

(ဒီလူ တော်တော် ငမ်းကြောရှည်တာပဲ.. ငါကိုယ်ငါချောမှန်းသိပေမယ့် ဒီလောက်ကြီးထိ ငေးငိုင်ကြောင်အသွားရလောက်အောင် ခန့်ညားနေမှန်းတော့ မသိခဲ့တာ အမှန်ပဲဟ)

သွေး ပန်းချီဆွဲဖို့ ဆေးရောင်တွေ ဝယ်ပြီး စတော်ဘယ်ရီဖျော်ရည်နဲ့ မာလာရှမ်းကောဝယ်ဖို့ ဆိုင်ဆီသွားနေတုန်း ဒီလူကြီးနဲ့ ပစ်တိုက်မိတာပင်။ အရပ်ရှည်ရှည်၊ စမတ်ကျကျနဲ့ ပစ်တိုက်မိတဲ့ အားက အတော်ပါသောကြောင့် သွေးမှာ ဖင်ထိုင်ရက်ကို ကျသွားပြီး ခေါင်းတွေပါမူး၊ တင်ပါးတွေပါ နာလာရသည်။ တော်တော်နဲ့ ခေါင်းမူးမပြေလို့ ထမရဖြစ်နေတုန်း မျက်နှာရှေ့ရောက်လာတာက အကြောစိမ်းစိမ်းလေးများ ဖြာထွက်လာအောင် ဝင်းဝါလှပနေပြီး ရှည်သွယ်ကာ အားပါနိုင်သည့် ရွှေရောင်သန်းနေသော လက်ကလေးတစ်ဖက်။

မကိုင်သေးပဲ မော့ကြည့်မိတော့ သွေးကို စိတ်ရှုပ်သလို ကြည့်နေသော မျက်ဝန်းနက်လေးများ။ သွေးမျက်နှာအား မြင်ပြီး အကြည့်တွေ စုံသွားမှ အံ့ဩသွားပုံရသော ထိုမျက်ဝန်းများက သူ့ကိုသာ ကြောင်အပြီး စိုက်ကြည့်နေတော့သည်။ ခုထိပေါ့။

ထိုလူကြီးရုပ်ရည်မှာ တော်တော်ကို ချောတဲ့အထဲ ပါပြီး ဆွဲဆောင်မှု ရှိလွန်းသည်။ ခရမ်းနဲ့ အနက်ကို ရောဆိုးထားသော ဆံပင်ဂုတ်ထောက်လေးကို ညာဘက်နားနောက်မှာ   ကျစ်ဆံမြီးသေးသေးလေး ကျစ်ထားသည်မို့ ပိုပြီးတော့ လူငယ်ဆန်သွားပြီး ငုတ်တုတ်ထိုင်ကြည့်ချင်စိတ်တွေပါ ပေါက်လာရသည်။

ဘေးမှ သူ့သူငယ်ချင်းဖြစ်ပုံရသော Maskတပ်ထားတဲ့ လူတစ်ယောက်ရောက်လာပြီး ဆွဲရမ်းခေါ်တော့မှ ထိုလူက အသိဝင်လာပုံရသည်။ သို့သော် အသိတရားက ပြည့်ပြည့်ဝဝတော့ ကပ်သေးဟန်မတူ။ နှာဘူးလို အကြည့်များဖြင့် စူးစူးရှရှ။

"ချစ်စရာလေး...ချစ်ဖို့ကောင်းလိုက်တာကွာ"

"ဘာဗျ!!ခင်ဗျား ရူးနေလား.."

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now