Part-3

163 9 2
                                    

Unicode

(၁၈)နှစ်ခန့် ကြာပြီးနောက်

"I 'm back. Lovely Myanmar"

ဩရှရှဖြင့် နားထောင်၍ ကောင်းသော အသံတစ်သံသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တီးတိုးထွက်ပေါ်လာသည်။ အရပ်(၆)ပေကျော် အသားအရေမှာ ဖြူဖွေးသည်လည်း ညိုနေသည်လည်းမဟုတ် ခပ်ဝါဝါလေးဖြင့် ရွှေရောင်သန်းနေသည်ကို သူ၏ လက်တွေကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ခရမ်းရောင်နှင့် အနက်ရောင်အား ရောသမမွှေဆိုးထားသော ဂုတ်ထောက်နေသည့် ဆံပင်တွေဖြင့်။ ထိုကောင်လေးမှာ နဖူးပေါ် အနည်းငယ်ဝဲကျနေသော ရှေ့ဆံပင်နည်းနည်းလေးအား လက်ဖြင့် သပ်တင်လိုက်ပြီး ဦးထုပ်အနက်ရောင်ကို ဆောင်းကာ လေဆိပ်အပြင်ဘက်သို့ ထွက်လာလိုက်သည်။

အနက်ရောင်ဘောင်းဘီရှည်နှင့် အဖြူရောင်အက်ျီလက်ရှည်ကို ဝတ်ဆင်ထားပြီး ကျောပိုးအိတ်တစ်လုံးကိုလည်း ကျောမှာ တင်ထားပြီး စတိုင်ကျကျ လမ်းလျှောက်လာပေမယ့် ထိုကောင်လေးရဲ့ မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရ။ အနက်ရောင် Mask တပ်ထားပြီး နေကာမျက်မှန်ကိုပါ တပ်ထားတာကြောင့်ဖြစ်သည်။ ပိုဆိုးသည်က ဦးထုပ်ပါ ဆောင်းထားသောကြောင့် မျက်နှာတစ်ဝိုက်ကို လုံးဝမမြင်ရ။ သို့သော် Bodyအနေအထား၊ ခန္ဓာကိုယ်ပုံစံနဲ့တင် ပြည်တွင်းဖြစ်မြန်မာမလေးများ ငေးချင်၊ငမ်းချင်စရာ။ လေဆိပ်မှ အမျိုးသမီးထုကြီး၏ စိတ်ကူးထဲတွင် အိမ်ထောင်ဖက်ဖြစ်နေသော ထိုကောင်လေးကတော့ အပြင်ဘက်သို့ ထွက်လာလိုက်တော့သည်။

"Shit!...."

ထိုကောင်လေးက လေဆိပ်အပြင်ဘက်သို့ ရောက်သောအခါ အဆင့်သင့်တွေ့လိုက်ရသော BMWကား (၁၀)ကြောင့် တီးတိုးဆဲရေးလိုက်ပြီး ချက်ချင်း ရှောင်သွားဖို့ လုပ်လိုက်သည်။ သို့သော် ကားပေါ်မှ လူသုံးယောက်ဆင်းလာပြီး သူ့အား တားလိုက်ကြသည်။

"သခင်လေး"

"Oh Shit!!"

ထိုကောင်လေးက အသံပါထွက်ပြီး နောက်တစ်ခါ ထပ်ဆဲလိုက်ပြီး ဆက်မေးလိုက်သည်။

"ဘာလဲ ဒယ်ဒီလွှတ်လိုက်တာလား ငါလုံးဝကို မလိုက်နိုင်ဘူး "

"ဟုတ်ပါတယ် သခင်လေး သခင်ကြီးကိုယ်တိုင် လွှတ်လိုက်တာပါ ​နောက်ပြီး မဒမ် လီလီအလက်ဇန္ဒား ကိုယ်တိုင် သခင်ကြီးဆီ ဖုန်းဆက်ထားတာမို့ သခင်လေးကို အိမ်အပြန်ခေါ်ခဲ့ရပါမယ်တဲ့ "

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now